Part-(36.1)

2.4K 246 10
                                    

ဘယ်လို အနေအထားပဲရောက်ရောက် မောင့်ကို ချစ်ဖို့
ကျွန်တော် မတွေဝေခဲ့ပါဘူး

တစ်ဖက် စွန်းထိခေါင်းမာတတ်တဲ့ အတ္တကြီးကြီး သည် အဆိုးအပေလေးက
တစ်လောကလုံး လိုက်မမီအောင် ဆိုးတတ်တဲ့ အခါ

မချစ်တော့ဘူး ဆိုတဲ့ လက်နက်ဆန်းလေးနဲ့ ခြိမ်းခြောက် ရတဲ့ အထိ အသည်းမာ ပြခဲ့ရတယ်

နာရတာပေါ့....ရူးအောင် ချစ်နေပြီးမှ မချစ်ဘူးဆိုတဲ့ စကားက ကျွန်တော့် အတွက်တော့ အသွား နှစ်ဖက် ချွန်တဲ့ အန္တရာယ် လက်နက်တစ်ခုဆိုတာ ကျွန်တော်ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှမသိဘူး

တစ်ဖက်စွန်းမှာ ရှိနေတဲ့ မောင့်လိုပဲ
ကျန်တဲ့ တစ်ဖက်စွန်းမှာ ရှိနေတဲ့ ကျွန်တော်ကလည်း အသည်းခိုက်မတတ် နာခဲ့ ရပါတယ်

.... .... .... ..... .... ..... ... .... ..... ..... ....

ရုံးတက်လိုက် ရုံးဆင်းလိုက်ဖြင့် နှစ်ပတ်လောက်သည် သာယာနေပြန်သည်။
ဘဝမှာ ပျော်စရာတွေက သိပ်တော့ မများလှ
အမွေကို တောင်းလိုက်တာတော့မဟုတ်
ဝယ်ပစ်လိုက်တာ
Kim Taehyung က အမွေပေးမှ ရပါမည်ဆိုတဲ့ တစ်လောက လုံးကအတွေးတွေကို မလိုချင်ခဲ့တာ

အထူးသဖြင့် သူ့ကို သေးဖွဲ့ သိမ်နုပ်တယ်လို့ အမြဲဆက်ဆံတတ်တဲ့ သူ့အစ်မကို သိစေချင်ခဲ့တာ

Yuna ကိုလည်း သူနားမလည်
အထူးသဖြင့် အမျိုးသမီးတွေ ၏ စိတ်ကို သူနားမလည်

အစွမ်းကုန်ချစ်ပြတတ်တဲ့ သူတိုင်းကို ယုံကြည်ရမည်လို့ မဆိုလို

မမြင်ရတဲ့ ဘက်ခြမ်းမှာ ဘာတွေဖြစ်နေမလဲ သူမသိ

သူမပိုင်ဆိုင်သည့် share တွေကို သူ့ကို ထိုးပေးလာခြင်းက အကျိုးလိုလို့ ညောင်ရေလောင်းခဲ့ ခြင်းမဟုတ်ရပါဟု အတိအလင်း ကြေညာခဲ့ပြန်လေသည်။

သူ့ကုမ္ပဏီမှာသာ စိတ်အေးလက်အေး အလုပ်လုပ် ၍ ရသော်လည်း Yuna တို့ group တွင်တော့ Kim Yuri က သူ့ကို ပါးရိုက်ခဲ့ သော vd တစ်ခု online ပေါ်ပျံ့ လွင့် လာခဲ့ ခြင်းကြောင့် အတော်လေး ဂယက် ထသွားခဲ့ရသည်။

တစ်သက်လုံး ချိုသာပြ လာခဲ့သည့် မျက်နှာဖုံးတွေ အထပ်ထပ်က တစ်ထိုင်တည်း ကွာကျခဲ့ ရခြင်းအပေါ်
ဝေဖန်မှုတွေက level တစ်ခုထိမြင့်လို့

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now