ပြိုင်ပွဲတွေ အများကြီး ယှဉ်ပြိုင်ခဲ့ဖူးပါတယ်
အနိုင်တွေ အရှုံးတွေ
အမျိုးမျိုး ရလဒ်တွေနဲ့
မတွေးထားခဲ့မိတာက
သိပ်အားနည်းတတ်တဲ့ မေတ္တာရေးကို ပြိုင်ဆိုင်ရမယ်လို့
...... ...... ...... ...... ...... ....... ....... ......
မင်္ဂလာပွဲ ကျင်းပမည့် တစ်ရက်အလို
"ဦးလေး Tae ကို ဒီလိုကြီးဘောင်ခတ်ချည်တုတ်မှ ပဲ ဖြစ်မှာလား
သူသေသွား လိမ့်မယ်"
Seok Jin သည်းမခံနိုင်တော့
အခြေအနေတွေသည် သိပ်တစ်ဖက်စောင်းနင်းကျနေသည်ဟု ခံစားရနေသောကြောင့်"ငါက အဲလို မလုပ်လို့ ဘယ်လို လုပ်ရမှာလဲ"
ဦးလေး၏ ပြန်ဖြေပုံက အေးစက်စက်
"ဦးလေးတစ်ဖက်သတ် အမြင်လေးတစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့လား
Tae ဘက်ကို တစ်ချက်လောက်ကြည့် ပေးပါဦး "
"အခု ငါလုပ်နေတဲ့ ကိစ္စတွေအားလုံးက သူ့အတွက်ကြီးပဲ
သူကငါ့သားပါ
သူ့နောင်ရေးအတွက် စိတ်ချရအောင် ငါစီမံခဲ့ ချင်တာ"
Seok Jin ဦးလေးကိုကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းကိုသာရမ်းနေမိသည်။
"သူ့ဆန္ဒကို နည်းနည်း လောက်တော့
ဦးလေးထည့်စဉ်းစားပေးသင့်တာ
ဦးလေးက သူ့အဖေလို့ ခံယူထားတယ်ဆိုရင်ပေါ့"
"Seok Jin!"
"ပြီးတော့ လွန်ခဲ့တဲ့ နှစ်တွေက ဦးလေး မြင်ခဲ့ ရတဲ့ အခြေအနေတွေကိုလည်း
ပြန်သုံးသပ်ကြည့် သင့်တယ်လို့ ကျွန်တော်ထင်တယ်
ဆယ်နှစ်ဆိုတဲ့ အတိုင်းအတာ ထိတောင်မရောက်သေးတဲ့ ကလေးလေးတစ်ယောက်က လူသတ်ဖို့ ကြံစည်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား
ကျောင်းတက်နေချိန်မှာ
အစည်း ဝေးခန်းတွေမှာ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာဖေအေတစ်ယောက်လုံးက ကျဉ် ထားပြီးတော့ လူသတ်သမားဆိုတဲ့စွတ်စွဲချက်တွေနဲ့ ထွက်နေတဲ့ ဒီကောလဟာလတွေရဲ့ ဒဏ်ကို နှစ်ပေါင်းများစွာ Taeအလူးအလဲ ခံစားခဲ့ရပြီးပြီ
စိတ်ဒဏ်ရာတွေလည်း မနည်းမနော ရပြီးပြီ
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...