Part-(35.2)

2.4K 269 14
                                    



တိတ်ဆိတ်နေတဲ့ အစည်းဝေးခန်း မကြီးက အသက်မဲ့နေခဲ့ တာတော့ မဟုတ်ခဲ့

တစ်စုံတစ်ယောက် ၏ တင်ပြချက်ကြောင့် အတော်လေး သွေးပျက် နေတဲ့ ကုမ္ပဏီ၏ အဖွဲဝင်တွေက ခေတ္တခဏ စကားပြောဖို့ပင် မေ့လျော့ နေခဲ့ကြတာ

ဘယ်လိုလုပ် ကုမ္ပဏီ၏ ဒုတိယ အများဆုံးသောရှယ်ယာရှင်နေရာ ကို မနေ့တစ်နေ့က မှ ရောက်လာသော အသက်ငယ်ငယ်နှင့် ကောင်လေးက လက်ဝါးကြီး အုပ်သွားတာ ခံလိုက်ရတာလဲ

ထိချက်ပြင်းလှတဲ့ သည်ရိုက်ချက်က အဖွဲ့ဝင်တွေ အတွက်တော့ ကယောင်ချောက်ချား ဖြစ်စေသည်။

အဆိုးဆုံးက သူ့အစ်မ ပင် တစ်စုံတစ်ခု ကို ပြောဖို့ ပြင်နေခဲ့သော်လည်း ပြန်ပြီး ထိန်းချုပ်နေခဲ့ပုံက သူမစရိုက်ဟုတ်မနေခဲ့
နားလည်ရခက်လှသည့် အပြုံးမျိုးနှင့် ပြုံးပြလာခဲ့ ပြန်တာကြောင့် သူ့စိတ်တွေ သည် ဘဝင် မကျနိုင်ခဲ့

ကြာကြာ စဉ်းစားနေရန်အတွက် အချိန်တွေ သည်မလုံလောက်
သူ့ရဲ့ ရည်ရွယ်ချက်သည် အောင်မြင်စွာ ခေါင်းမော့ရင်ကော့ပြီးအစည်းဝေးခန်းမထဲက ထွက်သွား နိုင်ဖို့

Yuna ဖခင်ကတော့ သမီးဖြစ်သူကိုသာ အဓိပ္ပါယ် တချို့ရှိသော မျက်ဝန်းတွေနှင့် စိုက်ကြည့် နေခဲ့သော်လည်း

Yuna ကရေသေမျက်နှာနှင့် လက်ရှိကိစ္စတွေက သူမနှင့် မသက်ဆိုင်သည့် အရာတွေလို ဝင်ရောက်ပြောဆိုခြင်း မရှိခဲ့

"မင်း...မင်းမဟုတ်လား
မင်းရဲ့ Share တွေကို ရောင်းပေးခဲ့တာ မဟုတ်လား"

Kim Yuri က Yuna ကို လက်ညိုး ထိုးပြီး စကားဝိုင်းထဲသို့ ဆွဲသွင်းလိုက်တော့
သူမက လက်ပိုက်ကာ ထိုင်ခုံနောက်မှီကို မှီလိုက်ရင်း

"အဲလို လုပ်လို့မရဘူးလား"

"ဘာ!"

"Yuna သမီးတကယ်ပဲ"

သည်တစ်ကြိမ်တွင် သွေးပျက်သွားရသူက Yuna အဖေ
သူ့သမီးက သိပ်ထက်မြက်တယ် ဆိုတာသိပါသည်။
အရှုံး ရှိမည့် စီးပွားရေးကို လုပ်မည်မဟုတ်သော်လည်း လက်ရှိအခြေအနေက စွန့်စားရာ ကျလွန်းနေသည်။

သူမ အစွမ်းအစတွေ နှင့်ရထားသော ကုမ္ပဏီ Share တွေကို မတော်ရသေးသည့် ယောက်ျားကို ပေးပစ်ခဲ့ ခြင်းက

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now