Part-(30.1)

2.9K 309 16
                                    


ရုတ်တရက် ကြောင်အသွားရကာ ကြိုတင်အလွမ်း သယ်နေသည့် အတွဲသည်ပင်
လက်ရှိအခြေအနေကို သတိမရတော့

ကားပေါ်မှ ဆင်းလာသူက မျက်နှာထား တင်းတင်းနှင့် အိမ်ကြီးရှင် ဖြစ်သော်လည်း
တစ်ဖက်ခြမ်း မှ တစ်စုံတစ်ယောက်သည် ဆင်းမလာခဲ့

တည်တင်းနေတဲ့မျက်နှာဖြင့် နယ်မြေ သခင်သည် ကားတစ်ဖက်ခြမ်းမှ တစ်စုံတစ်ရာကို အသည်းအသန်ဆွဲထုတ်ကာ ပခုံးပေါ် ကောက်တင်လိုက်သည်မှာ ပေါ့ပေါ့ ပါးပါးလေး

အနက်ရောင်စောင်ဖြင့် သေသေသပ်သပ်လေးလိပ်ထုပ်ထားတဲ့ အလိပ်လေးမှခြေသလုံးသား ဖြူဖြူလေးတွေ ကပေါ်နေသည်မို့ မောင်ကလက်ဖြင့်သိမ်းပွေ့ ဖုံးကွယ်လိုက်သည်။

"ငါ့ကို လွှတ်ပေး အရူးကောင် "

ဝတ်စုံပြည့် ဖြင့် မောင်က သူ့ရဲ့ ကိုယ်ပိုင်အနက်ရောင်တွေ နှင့် တခမ်းတနား သိပ်ဆန်နေသလောက် အနက်ရောင် အထုပ်လေးကတော့ တွန်းထိုးရုန်းကန်နေဆဲ
"ဖြန်း!!"

"အ့"
တင်ပါးကို ခပ်ဆပ်ဆပ်လေး ရိုက်ချပစ်လိုက်မှ လှုတ်ရှားမှုတွေ သည် အနည်းငယ် ငြိမ်သက်သွားရသည်။စောင်ခံနေသည်ကြောင့် ရိုက်ချက်ပြင်းပြင်းက အနည်းငယ် ခုသာ ခံသာ ဖြစ်သွားပုံရပြီး စွာနေသော နှုတ်ခမ်းလေးက တိတ်ကျသွားရသည်။

"Hoseok မင်းကိစ္စတွေ ပြီးတဲ့ အခါငါ့ကို လာတွေ့လှည့်"

လိုရင်းကိုသာ ပြောပြီး စံအိမ်ထဲသို့ခြေလှမ်း ကျဲတွေဖြင့် ဝင်သွားသူ ရဲ့ ပခုံးထက်မှ ခေါင်းထောင်လာတဲ့ မောင့် ပိုင်ဆိုင်မှုလေးသည် ရွက်စိမ်းလေး တိုး နှစ်ဦးအား မြင်သွားပြီနောက်

"Tae ငါနောက်မှ ဖုန်းဆက်လိုက်မယ်"

သိပ်မကြာသည့် အချိန်တိုလေးအတွင်းမှာပင် ရွက်စိမ်းလေးက ဆရာဝန်လေးမြင်သာအောင်ခေါင်းငြိမ့်ပြသည်။

"ကျွန်တော့်သူငယ်ချင်းက ကျွန်တော် တစ်ခါပြန်တိုင်း တစ်ခါနှုတ်ဆက်တာချင်းမတူဘူးပဲ"

"ဟမ်.."

အလင်းရောင်လေးကတော့ ရွက်စိမ်းလေးကို သာ နားမလည်နိုင်သလို ကြည့်လာခဲ့ သည်။

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now