ခင်ဗျားမျက်ဝန်းတွေကို ကျုပ်မကြည့်ချင်ဘူး လွန်ဆန်လို့မရတဲ့အရာတွေဖြစ်လာမှာစိုးလို့
အရှိန်အဝါအပြည့်နဲ့ရပ်တည်နေတဲ့ကျုပ်က ခင်ဗျားမျက်လုံးတွေရှေ့ရောက်ရင် ကျုပ်နဲ့မအပ်စပ်တဲ့ သိမ်ငယ်မှုတွေက လာလာဝင်နှောက်လို့
............................................................
"ကျွန်တော် ဖျော်ပေးတဲ့ ကော်ဖီကို သခင်လေး သောက်နိုင်မယ်မထင်တဲ့ အတွက် သခင်လေးရဲ့စံအိမ်က မနက်စာက ပိုအဆင် ပြေလိမ့်မယ်ထင်ပါတယ်"
ညက်ညက်ညောညောလေး ထွက်လာတဲ့ လေသံလေးက အလိုမကျဟန်မရှိသလို မလိုလားဟန်တွေလည်း မပါဝင်ခပ်အေးအေးသာ အကျိုးအကြောင်း ကိုရှင်းပြနေလေသည်။ထမင်းစားခန်းစားပွဲမှာ မျက်နှာထားတင်းတင်းဖြင့် ထိုင်နေပြီုဖစ်တဲ့ အိမ်ကြီးရှင်ဆီက ခပ်စူးစူးအကြည့်တစ်ချက် ကျရောက်လာပြီးနောက်
"ကာယကံရှင်က အဆင်ပြေလို့ ရောက်လာတာလေ ကျုပ်သောက်နိုင်မသောက်နိုင်က ခင်ဗျားဖျော်ပြီးမှ အဆုံးအဖြတ်ဖြစ်မှာမဟုတ်လား "
စံအိမ်သခင်လေးသည် အမိန့်နှင့်အာဏာမှာသာယစ်မူးခဲ့ သူမို့ လက်ရှိစကားကိုပင် ရင့်သီးလွန်းသည်ဟုယူဆ၍မရပေ။သူဖြစ်ချင်သည့်အရာကို ရိုးရိုးရှင်းရှင်းတောင်းဆိုနေသည် ဟုပဲသတ်မှတ်ရပေလိမ့်မည်။
"ဖြစ်ပါ့မလား မင်းစံအိမ်ကမနက်စာနဲ့ ဒီကကော်ဖီတစ်ခွက်က အကွာကြီးကွာမှာနော်"
"ကျုပ် စကားကိုနှစ်ခါပြောရတာ အရမ်းမုန်းတယ်"
ထယ်ရဲ့ ပယင်းရောင်မျက်ဝန်းတွေက တစ်ချက် စိုက်ကြည့်လာပြီး နှုတ်ခမ်းကို မဲ့သွားသည်။
"CEO ကင်ထယ်ယောင်း"
ဘာလဲဆိုသည့် အမေးသဘောဖြင့် မေးငေါ့ပြကာ တုန့်ပြန်ပုံက အတော်လေး စိတ်အချဉ်ပေါက် စရာပင်
"ရောက်တုန်း ကျုပ်အတွင်းရေးမှူးနဲ့ အလုပ်လေးဘာလေး မကူချင်ဘူးလား."
"အပန်းဖြေလာပါတယ်ဆိုမှ..ဘယ်လို!!ဆော့နဲ့ ငါလုပ်ကူမယ် ဘယ်တော့လဲ"
သစ်ရွက်စိမ်းလေးက လိုချင်သည့်အဖိုးတန်ပစ္စည်းတစ်ခုကို စီးပွားရေးသမားတွေကြားအပြိုင်လေ လံဆွဲရင်း သူတစ်ဦးတည်း သာအောင်မြင်ဝံ့ကြွားစွာ လက်ဝယ်ပိုင်ပိုင် ရရှိလိုက်သည့်ဟန်ကို ဆောင်လျှက် စိတ်လှုတ်ရှားမှုကို ထိန်းမနိုင်သိမ်းမရ
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...