အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
မောင်ရယ်..
မောင့်ယောက်ျား ဖြစ်တဲ့ ကျွန်တော် ရယ်
အသားတကျ ရှိနေခဲ့ ကြပါတယ်
.... .... .... .... .... ....."Jeon Jimin"
"...."
"မောင့် ယောက်ျားရေ"
"....."
"Ji Ji"
"....""မောင့် အချစ်ဆုံး ရေ"
မောင့်ပိုင်ဆိုင်မှုလေး တစ်ခါမထူးလေ အိမ်ကြီးရှင် ၏ vocal power သည့် အဆင့်တစ်ခုချင်းစီမြင့်လာလေပင်
အိပ်ခန်းကျယ်ကြီး၏ နေရာလွတ် တွင် ခင်းကျင်းထားသည့် အနက်ရောင် မွေးပွ ကော်ဇော တွေပေါ်မှာ မောင်ဟာ ပက်လက် အိပ်နေခဲ့သည်။
မလှမ်းမကမ်း ဆိုဖာ ပေါ်တွင်တော့ ဆရာဝန်လေးသည် ခြေ ချိတ်ထိုင်လျှက် မျက်နှာထား တည်တင်းကာ မောင့်ကို ကြည့်နေလေသည်။
မဖြစ်တော့..မောင့်ပိုင်ဆိုင်မှု လေးသည် သည်နေ့အဖို့ မောင်လိပ်ခေါင်းထွက်အောင် အော်ခေါ်လည်း ထူးမည်မဟုတ်တာကို အသေအချာ သဘော ပေါက်လိုက်သည်။
"မောင့်ကို မသနားဘူးလားဟင်"
"မသနားဘူး"
အဖြေသည် ချက်ချင်းမဆိုင်းမတွ ထွက်ကျလာသည်။
"မောင်ဘာလုပ်လို့လဲ "
ကလီကမာ လေးဟာ တကယ့် ဘာမှမသိနားမလည်ဘဲ နှင့် အပြစ်ခံနေရသည့် ကလေးလေးပမာ
ဆရာဝန်လေးကသာ လူကြမ်းကြီအလား"တကယ်ပဲ နေမကောင်း တာလား"
မျက်ဝန်းလှလှတွေ နှင့်စူးစိုက်ကြည့် လာတော့ မောင့် မျက်ဝန်းဝိုင်းကြီးတွေက ရှောင်ဖယ်သွားကြသည်။
အဖြေမပေးလာသူဟာ မုသားသေးသေးလေးအပြစ်ပြုမိပါတယ်ဟု ဝန်ခံနေခဲ့ သည်ပင်
"ဘယ်လောက် တောင်ရင်တွေ ပူသွားရလဲ သိလား
အသက်ရှူတွေ ရပ်တော့မတတ်ပဲ"စကားသံတွေဟာ ငိုသံ ရောစွတ်လို့ မျက်ရည်ကြည်တွေ ရစ်သိုင်းလာတော့ မောင်အိပ်နေရာမှ အလူးအလဲ ထလာကာ ဆရာဝန်လေးကို စွေ့ကနဲ ပွေ့ချီလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ကာ ဆရာဝန်လေးကို မောင့်ပေါင်ပေါ်တွင် တင်လိုက်သည်။
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...