တချို့သော ချစ်ခြင်းတွေက နှုတ်က ထုတ်ဖော်မပြလည်း
သိပ်ခမ်းနားတဲ့အကြောင်း
မင်းကို သိစေချင်လိုက်တာ
..... ..... ..... ..... ..... ..... ...... ..... .....
ဒေါက်...ဒေါက်...ဒေါက်
စံအိမ်ကြီး၏ အောက်ထပ် ဧည့်ခန်းကျယ် ကြီး ထဲတွင် shoe ဖိနပ်သံက ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။
အခန်းအလည်ရောက်သည်နှင့်အရှေ့မှလှေကားရှိလှေကားထစ်တွေကို ရပ်ကြည့်နေမိတဲ့ သူ
စံအိမ်ကြီးက ခန်းနားလွန်းပါသည်။
တန်ဖိုးရှိ အဆောင်အယောင်တွေနှင့်စီခြယ်ထားသည့် အပြင်အဆင်တွေက ရှုမငြီးစရာ
ဒါက သူငယ်ငယ်တုန်းက ဒယ်ဒီရယ် မာမီရယ် ဒယ်ဒီ့အမျိုးအဆွေ တွေရယ် အတူနေခဲ့ ရာ စံအိမ်ကြီးဆံပင်ကောက်ကောက်လေးနှင့် ကလေးငယ်လေးက အသဲပုံနှုတ်ခမ်းတွေကို လှစ်ဟကာရယ်မော ပြေးလွားဆော့ကစားရာမှ ထွက်ပေါ်လာတဲ့ ခိုးခိုးခစ်ခစ်ရယ်သံလေးတွေက သူ့နားထဲမှာ ကြားနေရသည်မို့ အသံလာရာကိုကြည့်မိတော့
ကောင်ငယ်လေးက ပြုံးပြနေသည်။ပြုံးပြနေခြင်းက သူ့အနောက် လှေကားထိပ်မှ အောက်ထပ်သို့ ဆင်းရန်ပြင်နေသည့် အသက် တစ်ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေးဆီသို့
"အစ်မလာပြီ
သားနဲ့ လာကစားပေးပါလား အစ်မ"ကောင်လေးက သူ့ကို ဖြတ်ပြေးကာလှေကားထိပ်သို့အော်ပြေးသွားပြီး ကောင်မလေးလက်တွေကို လှုပ်ယမ်းရင်းပူဆာနေခဲ့သည်။
"ဖယ် ငါ့ကိုလွှတ် Kim Taehyung
ငါကနင်နဲ့ ဘာဖြစ်လို့ ကစားပေးရမှာလဲ
နင့်ကို မုန်းတယ်
ငါ့အနားမလာနဲ့သွား"ကောင်မလေးက တူးတူးခါးခါးငြင်းဆန်နေခဲ့ကာ ကောင်လေး၏ လက်တွေကို ဖယ်ချနေခဲ့သည်။
"ဘာဖြစ်လို့လဲ အစ်မ"
ကောင်လေးကငြိုးငယ်စွာ ထပ်မေးတော့ ကောင်မလေးက မဲ့ရွဲ့စွာ
"နင်မရှိတုန်းက ဦးလေးနဲ့ဒေါ်ဒေါ်တို့ကသူတို့ပိုင်တဲ့ ဒီအရာ တွေအားလုံးက ငါပိုင်ရမှာလို့ ပြောခဲ့တယ်
အခု နင်မွေးလာတော့ အရာအားလုံးကို ငါနင်နဲ့ မျှယူနေရတယ်
နင်က တကယ့် ဂြိုလ်ဆိုးပဲ
ငါနင့်ကိုမလို ချင်ဘူး"
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...