Part-(24.1)

3.3K 341 13
                                    

မောင်က ကျွန်တော့်ကို မတိကျတဲ့အကြောင်းပြချက်လေးတွေနဲ့
သူ့အနားနေဖို့ အမြဲတမ်း ကလီကမာလေးတွေလည်း လုပ်တတ်ပါသေးတယ်

.... ..... .... .... .... .... .... .... .... .... ....

"ဟင်" "ဟာ"

ရုတ်တရက် မှိတ်ကျသွားတဲ့ မီးရောင်ကြောင့် hall ခန်းကြီး ထဲ လူတွေ၏ အသံတွေက တစ်ယောက်တစ်ပေါက်ထွက်လာကြသည်။
မထင်မှတ်ထားဘဲ ဖြစ်လာသည့်အခြေအနေမို့ ခါးကြားမှ သေနတ်ကို လှမ်းကိုင်လိုက်ကာ သတိချပ်လျှက်

ခေတ္တခဏ တိတ်ဆိတ်သွားချိန်သူရပ်နေရာ၏ အနောက်ဖက်တည့်တည့်ဆီမှ ကြားလိုက်ရသည့် ရုန်းရင်းဆန်ခတ်သံသဲ့သဲ့လေး
အာရုံထဲ အပြေးအလွား ဝင်ရောက်လာတဲ့ သူက သူတစ်ဦးတည်း ပိုင်ဆိုင်မှုလေး

"Jeon Jimin"
နှုတ်ဖျားမှ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်အထိ

မီးအလင်းရောင် ပြန်ကျရောက်လာ ချိန်တွင် အခန်းထဲ ရှိလူများက မပြောင်းမလဲ အနေအထားဖြင့်
Tae နောက်မှာHoseok ကမသိမသာရပ်နေခဲ့ကာ သူ့ကိုမျက်ဝန်းတွေမှ စကားတွေ ပြောနေခဲ့သည်။
ထို့နောက် အချင်းချင်းခေါင်းငြိမ့်ပြလိုက်ပြီး

"ဒိုင်း!!!"

ခါးကြားမှ သေနတ်ကို ထုတ်ကာ အလှမီးဆိုင်းကြီးရှိရာသို့ ပစ်ခွဲလိုက်သည်။

ဆူညံသံတွေထွက်ပေါ်လာကာ သူ့လူတွေမှ လွဲလို့ အရာအား လုံးက သူ့ခြေရင်းမှာ ပြားပြားဝပ်
စားပွဲ အောက်မှာ ဝပ်နေသော ပွဲပိုင်ရှင်အား ဂုတ်စမှ ဆွဲကာ နံရံဘက်ပစ်လွှတ်လိုက်သည်။

"ပြော ဘယ်ကိုခေါ်သွားတာလဲသူ့ကို"

"ကျွန်..တော်မသိ.."

"ချောက်..."

တိတ်ဆိတ်နေချိန် ထွက်ပေါ်လာတဲ့ သေမင်းတမန်ရဲ့ မောင်းတင်သံက ရှိရင်းစွဲထက် ပိုကျယ် နေလျှက်

"ငါနှစ်ခါပြောရတာတွေ အရမ်းမုန်းတယ် မင်းကဒီနေရာက တာဝန်ရှိသူ ထပ်ပြောမယ် သူ့ကို ဘယ်ခေါ်သွားလဲ"

အေးစက်စက် ထွက်ပေါ်လာတဲ့ အမိန့်စကားအောက်မှာ ပွဲအရှင်၏ လမ်းတွေပျောက် နေပုံပါပဲ
တုန်ယင်နေမှု ကိုမနည်းထိန်းချုပ်နေခဲ့သည်။
သေမင်းက သူ့ခေါင်းပေါ်တည့်တည့် မှာအချိန်မရွေးသူ့ အသက်ကိုနှုတ်ယူသွားနိုင်သည့် မရဏ လက်နက်က ခြိမ်းခြောက် တာထက်ပိုနေခဲ့သည်။

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now