Pajamas ကို ကိုင်ပြီး တွေဝေသွားတဲ့ ဆရာဝန်လေး က အနည်းငယ် တော့ငိုင်ကျသွားရသည်။
အတိတ် ကမောင့်ကိုပြန်မြင်မိလိုက်တိုင်း အင်္ကျီလဲပေးဖို့ရန် မစွမ်းသာတော့.."ငါ... အထဲပြန်ဝင်ပေးမယ် မင်းအင်္ကျီလဲလိုက်နော်"
မောင့်ဘေးနားမှာသေသေသပ်သပ်ခေါက်ထားတဲ့ pajamas ကို ချပေးခဲ့ပြီး တံခါးဆီသို့ လျှင်လျှင် မြန်မြန် သွားတဲ့ ခြေလှမ်းတွေက တံခါးဝနားအရောက် ရပ်တန့်သွားရသည်။လက်ကောက် ဝတ်မှတင်းကြပ်စွာ ဆုပ်ကိုင်ခံရသောအထိအတွေ့နှင့်အတူ တစ်ပတ်လည်စွာ တစ်စုံတစ်ယောက်ရင်ခွင်ထဲ အရှိန်မထိန်နိုင်တော့ဘဲ ပြိုလဲသွားရသည်။
ထိုတစ်စုံတစ်ယောက်ကတော့ နုညံ့ခြင်းတွေနှင့် သိပ်ဓာတ်မတည့်သူ သူ့ရဲ့ တစ်ဦးတည်း သော ယောက်ျား..
မောင်ကတော့ သူ့ကို အရုပ်လေးတစ်ရုပ်လို လက်ထဲ တွင် အပြောင်းအပြန် စိတ်ကြိုက်ခြယ်လှယ်နေတတ်သည်။လူသုံယောက်လောက်ကို အသာလေးလှဲသိပ်နိုင်တဲ့ သူ့မှာ မောင့်ကိုတွန်းလှန်ဖို့အင်အားမရှိတာ ဘာကြောင့်ရယ်မသိ
ခန္ဓာကိုယ် ကိုတည့်မတ်လိုက်တော့ မျက်ဝန်းစူးစူးတွေက အလိုမကျသလို ဆရာဝန်လေးအား စိုက်ကြည့်လျှက်သား
အိမ်ကြီးရှင်တစ်ဖြစ်လဲသူ့ရဲ့ရှင်ဘုရင်လေး ရွှေစိတ်တော် ညိုးနွမ်းနေခြင်း၏ အကြောင်းအရာကို မပြောလည်းအတတ်သိနေသောကြောင့် မျက်နှာကို လွဲလိုက်ကာ"ငါ..မလဲ..ပေးချင်ဘူး"
စိတ်ရင်းတော့မဟုတ်ခဲ့ ရပါ.. ဒီနေရာတွင်တော့ သူတကယ်ပင် ဘူးခံနေရပါသည်။"Jeon jimin "
အော်ဟစ်ဆူပူနေတာမဟုတ်သော်လည်း မောင့်အသံက သြဇာတွေအပြည့်
မဖြစ်.. ဘယ်လိုမှ မဖြစ်နိုင်ပါ မောင့်ကို မတွန်းလှန်နိုင်တာထက် သူ့စိတ်သူ မတွန်းလှန်နိုင်တာက ဘယ်လိုမှအဆင်မပြေ
တောထဲမှာတုန်းက ကျန်းမာရေးအခြေအနေအရ ကိုယ့်အပူနှင့်ကိုယ်မို့ ဘာတွေမှ စေ့စေ့မကြည့်အား အခုကမတူ"Jeon jimin မောင့်ကို သေချာကြည့်.."
လက်ဖဝါး ကြီးကြီးတွေထဲ မျက်နှာ လှလှ လေးကိုထည့်၍ ဆွဲလှည့်ယူလိုက်ကာ မျက်ဝန်းထဲ အဖြေရှာကြည့်တော့..
မောင့် နှုတ်ခမ်း ပါးပါးတွေမသိမသာ လွန့်ခနဲ့
မှေးကျဉ်းကျဉ်းမျက်ဝန်းတွေက အရောင်တလဲ့လဲ့
Jeon jimin က ရှက်နေတာပဲ
ရှက်မှာပေါ့ သူနဲ့ ပတ်သက်လို့ အင်္ကျီလဲခြင်း အမှတ်တရကလည်း ရှိခဲ့တော့ Jeon Jimin အပြစ်မဟုတ်
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...