Part-(31.1)

2.6K 275 13
                                    

မေတ္တာတွေ.... မမြင်ရတဲ့ စိတ္တဇ နာမ်မို့
ဘယ်လောက်အတိမ် အနက်

ဘယ်လောက် ကျယ်ပြန့်လဲဆိုတာ ခန့်မှန်းလို့မရနိုင်ဘူး

တစ်ဦးပေါ်တစ်ဦး ထားတဲ့ သည်မေတ္တာမှာ ဘယ်သူက အနိုင် ဘယ်သူက အရှုံးဆိုတာ ကာယကံရှင် တွေရဲ့ အပေါ်မူတည်ပြီး ဖြစ်လာမယ့် သတ်မှတ်ချက် တစ်ခု

သည်မေတ္တာတွေနဲ့ ရင်ဆိုင်ရမယ့် တစ်စုံတစ်ယောက်ကရော ဘယ်လိုအဆုံးအဖြတ်ပေးမလဲ

မေတ္တာနဲ့ဆွဲရမည့် သည်လွန်ဆွဲပွဲမှာ ဘယ်သူနိုင်မလဲ
ဘယ်သူရှုံးမလဲ ဆိုတာ

.... ..... ..... .... ..... ..... ..... ..... .....

"ဒီလောက်ဆို အဆင်ပြေ ပြီမဟုတ်လား Hyung "

အလုပ်လုပ်နေရတာကြောင့် တက်ကြွနေတဲ့ မျက်ဝန်းလေးတွေက တဖိတ်ဖိတ်လက်လို့

မမီပါဘူး .... လောကကြီးထဲက ဘယ်အရာကမှ သည်မျက်ဝန်းလှလှတွေလောက် သူ့လိုလူကို အလျှော့ပေး အောင်စွမ်းဆောင်နိုင်ဖို့
ထိုမျက်ဝန်းလေးတွေကိုပဲ တစ်ချက်စူးစိုက်ကြည့်လိုက်ပြီး

"အင်း..လိုအပ်ချက်တွေ ရှိတော့ရှိသေးတယ် သိပ်မများပါဘူး list လုပ်ပေးထားမယ်
Hyung ရဲ့ senior တချို့ ဒါမှမဟုတ် ဒီအပိုင်းကို ကျွမ်းကျင်တဲ့ သူတစ်ဦးဦးကို ထပ်မေးပေးမယ်"

"ကျေးဇူးတင်ပါတယ် တကယ်ကိုကျေးဇူးတင်ပါတယ် hyung"

အပြုံးလေးတွေ က Yoongi ကိုစိတ်ကျေနပ်မှု အများကြီး ဖြစ်စေခဲ့သည်။
သည်ကလေးက များများပြုံးလေ သူအများကြီးစိတ်သက်သာရာရလေပင်

လူတော်တော်များများ က သည်လူသားလေးကိုတွေ့တိုင်း မချစ်ဘဲ မနေနိုင်ကြဘူးဆိုတာ လုပ်ကြံဖန်တီးပြောနေကြတာမှမဟုတ်ဘဲ
သူအပါအဝင် ပေါ့

"ဒါဆို Hyung နားတော့ မလား"

သူပြတဲ့ အဆောက်အဦးအခြေအနေ လိုအပ်ချက်တွေကို ကူကြည့်ပေးပြီးချိန်တွင်တော့ Jimin က အလိုက်တသိလေးပြောလာသည်။

"မနားသေးဘူး...ငါတို့ ခုံဝါဝါလေးမှာပဲ စကားပြောကြမလား မင်းဆန္ဒရှိမယ်ဆိုရင်ပေါ့"

"ပြောချင်တာပေါ့ hyung အနားမရမှာစိုးနေလို့ပါ"

ကချွတ်ကချော် အိမ်ထောင်ရေးတစ်ခုနဲ့ အဆင်ပြေပြေရှိအောင် ကြိုးစားနေပုံရတဲ့သည်ကောင်လေးကအိမ်ထောင်ရေးကလွဲလို့ အရာရာကို ပြည့်စုံသလောက်နီးပါး ရှိတယ်လို့ပြောရမည်ပင်

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now