အမှန်တော့ မောင့်နှလုံးသားကို အပိုင်စားရထားတဲ့ မိုးကျနတ်ဘုရားလေးတစ်ပါးရှိတယ်ဆိုတာ
မောင်ကိုယ်တိုင်း ကမသိခဲ့ သလို
မောင့်နတ်ဘုရားလေး ကလည်းမသိခဲ့ပါဘူး
.... .... .... .... .... ..... .... .... .... ..... ....အရှေ့က ဖြူလွှလွှပုံရိပ်လေးက သူ့ရဲ့
အမြင်အာရုံတွေကို ဖမ်းစားသွားခဲ့ရသည်။ ရေထဲက ထိုတစ်စုံတစ်ယောက်ကတော့ ပြောင်းလဲသွားတဲ့ သူ့ရဲ့အခြေအနေတွေကို ဂရုပြုဟန်မရှိခဲ့ ရေထဲတွင် တစ်စုံတစ်ရာကို အသည်းအသန်ရှာဖွေလျှက်ပခုံးတွေကို ဖိဆုပ်လိုက် တော့ အေးစက်စက် ကြောင်အအဖြင့် ကြည့်လာတဲ့ မျက်ဝန်းတွေ
သူပွေ့ဖက်လိုက်သည် စိတ်အနှောက်အယှက်ဖြစ်ရလွန်းတဲ့သူကိုတွေလိုက်ရတာမို့
ပွေ့ဖက်လိုက်မှ စိတ်ရှုတ်ရခြင်းတွေက ပို၍ထပ်ဆင့် ဖြစ်လာခဲ့သယောင်အေးစက်စက် တုန့်ပြန်မှု
အနှစ်နှစ်အလလ ရင်းနှီးကျွမ်းဝင်မိတဲ့ အငွေ့အသက် တွေမဟုတ်ခဲ့
နှလုံးခုန်သံတွေ....သူကြားနေရတဲ့ နှလုံးခုန်သံတွေ က တစ်စုံတစ်ယောက်ကို ပွေ့ဖက်လိုက်တိုင်း ကြားနေကျ ဖြစ်တည်မှု တွေမှမဟုတ်ဘဲ"ခင်ဗျားက သူမှမဟုတ်ဘဲ"
အလိုလိုဖြည်လွှတ်လိုက်ကာ နောက်ကို ဆုတ်မိလျှက်သားဖြစ်သွားရသည်။
မကြာလိုက်တဲ့ အခိုက်အတန့် လေးတစ်ခုမှာ ပင်သူ့ဆရာတစ်ဖြစ်လည်း ထိုလူကတော့ သူ့ကိုပင်အာရုံ ထားဟန်မရှိစွာ
တစ်စုံတစ်ရာကို အရူးပမာ ရှာဖွေနေဆဲ"ကောင်လေးတွေ ငါ့ ဆွဲကြိုး ဆွဲကြိုးလေး မင်းတို့ ရှာပေးကြပါ"
တကယ့်အရူးမီးဝိုင်းနေသူပမာ ဖြစ်နေတဲ့ ဆရာ့ကို မြင်လိုက်ရတာမို့ မအံ့သြဘဲမနေနိုင်ခဲ့
အရမ်းအေးစက်လွန်းတဲ့သူ
နှလုံးသားပါမလာဘူးတောင် ထင်တဲ့ဆရာက
ပြောင်လဲသွားရသည့် သူ့အခြေအနေတွေကိုလည်း ဂရုမပြုမိလောက်အောင်အသိစိတ်ကပ်နေပုံမရ"ဒါကိုပြောတာလား ဆရာ"
Hoseok မြှောက်ပြလာသော လော့ကတ်သီးပါတဲ့ ဆွဲကြိုးလေးတစ်ကုံး
ထိုဆွဲကြိုးလေးကို မြင်သွားသည့် အချိန်မှ ပျံ့လွင့်နေတဲ့ အာရုံတွေ ကို စုစည်းလို့ ရသွားသည့်ဟန်
Hoseok က ဆရာ့အင်္ကျီစကိုဆွဲချတုန်းက ဆွဲမိဆွဲရာ ပါလာခဲ့ဟန်တူသည်။သူကပြောင်လဲသွားသော ဆရာ့ အခြေအနေကြောင့် ကြောင်အလျှက်ကြည့်နေခဲ့ပြန်သည်။
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...