Extra(2)

3.5K 262 30
                                    

အရှုံးတွေ က မောင့်ကို မတုန်လှုတ်စေပါဘူး

Jeon Jiminရှိနေလို့ ထင်ပါရဲ့

.... ..... ..... .... ..... ..... .... ..... .....

"ဘာဖြစ်လို့ လဲ မောင်

တစ်နေရာရာက နေမကောင်းလို့လား"

အခန်းထဲ သို့ပြန်ရောက်သည်နှင့် သူ့ရဲ့ ဘုရင်လေးမောင် က မျက်နှာ သာသာယာယာ မရှိလှသည်မို့ မေးမိတော့ မျက်ခုံးတွေ တွန့်တေးကာ မောင်က ကြည့်လာ ခဲ့ ပြန်သည်။

"နေမကောင်းလို့လား ဆိုတဲ့ မေးခွန်းအစား
မောင့်ကို ချစ်တယ်လို့ ပြောင်းပြီးပြောဖို့ အစီအစဉ် မရှိဘူးလား
ဒါဆို မောင်ပိုသက်သာမှာ"

ရစ်နေပြီ မောင်က သူ့ကို ကောက်နေခဲ့ပြီ

ဖဲဝိုင်းက မကျေမချမ်းချက်များသည် မောင့်ရဲ့ အဆိုးခံလေးအပေါ် အကြီးကြီး ပုံကျလာသည့်ဟန်

"ရိုးသွား မှာစိုးတာ"

မျက်ဝန်းဝိုင်းတွေက ပို၍ မှုန်ကုတ်ကုတ်ဖြစ်လာခဲ့ ကြသည်။

"ထပ်ခါတလဲလဲ ပြောနေတဲ့ အရာတွေက ကြာလာတော့ ရိုးအီ သွားတတ်ကြတယ်လေ
တကယ်လို့ မောင်ကသာ ..."

"ဘယ်တော့ မှ ဖြစ်မလာနိုင်မယ့် ကိစ္စပဲ
အိမ်မက်မက်မနေနဲ့
မဟုတ်သေးဘူး...
စိတ်ကူးထဲတောင် အဝင်မခံနဲ့
မင်းယောက်ျား ရဲ့ အစွဲအလန်းက မင်းထင်ထားတာထက်ပိုတယ်
ဟောင်းနွမ်းစုတ်ပြတ်သွား မယ်ဆိုရင်တောင် မစွန့်ပစ်ရက်တာမျိုး
ဒါက သက်မဲ့တွေ အပေါ်မှာ
မောင့် အရှေ့က သက်ရှိလှလှလေးကတော့
မင်းနောက်က ကပ်တွယ်နေတဲ့ အရိပ်လေးကအစ မြတ်နိုးရတာမို့ မောင်ဘယ်လို စွန့်လွတ် နိုင်ပါ့မလဲ"

မောင်က သူ့ပေါင်ပေါ်ထက် ပုတ်ပြရင်း လာထိုင်ဖို့ အချက်ပြနေတာမို့ ဆရာဝန်လေးက သွက်သွက် လက်လက် ဝင်ထိုင်လိုက် သည်။

ခါးထက် ရစ်သိုင်းလာတဲ့ မောင့် လက်တွေက အံဝင်ခွင်ကျ

"မောင့် ဘဝရဲ့ နောက်ထပ်နေ့ရက်ပေါင်းများစွာကို မင်း ကိုပဲ ကြည့် ပြီဲးဖြတ်သန်းချင်တာ
မင်းလိုအပ်တာတွေကိုပဲ ဖြည့်ဆည်းချင်တာ
မင်းအပေါ်မှာပဲ မောင်က ဆိုးချင်တာ
မင်းစိတ်ဆိုးတာ မောင့်ကြောင့်ပဲ ဖြစ်စေချင်သလို
မင်းရယ်ပြုံးနေတာ လည်း မောင့်ကြောင့်ပဲ ဖြစ်စေချင်တယ်
မောင်တို့ အသက် တွေကြီးလာကြတဲ့အထိ
မောင်တို့ မသေဆုံးခင်အထိ မင်းနဲ့ပဲ တစ်ဘဝလုံးကို ဖြတ်သန်းချင်တာ

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now