Part-(27.2)

2.8K 298 11
                                    


ကျွန်တော် နဲ့ မောင်က သုံးနဲ့လေးလိုပဲ

ဒါပေမယ့်  အမြဲတမ်း ပူးကပ်နေတဲ့ အခြေအနေမျိုးပေါ့

.... ... .... .... .... .... .... .... .... .... ....

"မသွားရဘူး"

"သွားမှာ"

"မောင်ခွင့်မပြုနိုင်ဘူး Jeon jimin "

"မင်းခွင့်မပြုလည်း သွားမှာပဲ ဒါကငါ့အလုပ်လေ"

သူတို့အတွက် အန္တရာယ် ဆိုတာ လက်တစ်ကမ်းမှာ ရှိနေသော အခြေအနေ
Phoenixဆိုတာ အလင်းလောက မှာလည်းစည်းပွားရေး Group ပေါင်းများစွာ ပိုင်ဆိုင်ထားရတဲ့ မျိုးရိုးစဉ်ဆက်အရ အပြင် သူ့ကြိုးစားမှုများကြောင့် ချမ်းသာနေသောသူ

ပိုင်ဆိုင်မှုတွေ ကဘယ်နိုင်ငံမှာမဆို လက်ညိုးညွန်၍ မလွဲနိုင်ခဲ့
သည်လိုလူမျိုးအတွက် အန္တရာယ် တွေကလက်တစ်ကမ်းမှာ အချိန်မရွေး နေရာမရွေး သူလောကကြီးမှာ မရှိဖို့အတွက် မျှော်လင့်နေတဲ့သူတွေက အများသား
အတော်များများ က ပိုင်ဆိုင်မှု တွေကိုမျက်စိကျနေခြင်းကြောင့်

နယ်မြေတစ်ခု အပိုင်ရထားခဲ့တာမို့ ထိုနယ်မြေရဲ့ လုံခြုံရေးအတွက် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု အဖြစ် ဖွဲ့စည်းထားခဲ့ ရသည်အထိ
ထိုအဖွဲ့အစည်းနှင့်ပင် အလင်းအမှောင်ကိစ္စအဝဝကို နယ်မြေသခင်က ထိန်းချုပ်ခဲ့သည်။

နယ်မြေသခင်က အလင်းတွင်နေထိုင်၍ ရသော်လည်း အမှောင်ကို ဖိနှိပ်ထားခြင်းသည် အလင်းကိုပါ ကာကွယ်ရာရောက်သည်မို့ အမှောင်နယ်မြေကို ထိန်းချုပ်ထားခြင်းသာ

ဘယ်လောက်သောပိုင်ဆိုင်မှုတွေများများ မောင့်ရဲ့ တစ်ဦးတည်း သောသက်ရှိပိုင်ဆိုင်မှုလေးလောက် ဘယ်အရာကိုမှ ဥစ္စာမခြောက်နိုင်ခဲ့

"ခေါင်းမာတာက နေရာတကာ ကောင်းနိုင်တဲ့ အရာမဟုတ်ဘူးနော် "

လက်ပိုက်လျှက် ကြည့်နေသူက သူ့ရဲ့ မပြောင်းမလဲ မဟူရာ ရောင်တွေ ဆင်မြန်းထားသည်။
တင်းတင်းစေ့ထားသောနှုတ်ခမ်းတွေကြောင့် နှုတ်ခမ်းပါး အောက်က မှည့်နက်လေး ကထင်ထင်ရှားရှား
အလိုမကျခြင်းတွေကြောင့် ဆရာဝန်လေးအား လုပ်ရဲရင် လုပ်ကြည့်ဆိုသောအကြည့်တွေနှင့် မျက်ဝန်း တွေကိုမှေးကျဉ်းလျှက်ကြည့်နေခဲ့သည်။

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now