"Hoseok ""ဗျာ"
အတွင်းရေးမှူး ကိုယ်တိုင်မောင်းနေခဲ့တာမို့ ကားပေါ် တွင်သူတို့နှစ်ဦးသာရှိနေခဲ့သည်။
"သူ ငါ့ကို မသွားစေချင်ဘူး "
သူမွေးကတည်းက ရင်းနှီးခဲ့ရသည့် မျက်ဝန်းတွေ ၏ အကြောင်းကို အဓိပ္ပါယ် မပြန်နိုင်စရာမရှိ
"ကျွန်တော် ပြန်လှည့်ဖို့ အမိန့်ပေးလိုက်ရမလား"
"မလိုဘူး ငါတို့ အစီအစဉ် တွေကို စိတ်ခံစားချက် တစ်ခုတည်းနဲ့ ပျက်စီးအောင်လုပ်လို့မရဘူး
တစ်ဖက်မှာ အများကြီးဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ် ""ကျွန်တော်နားလည်ပါတယ်"
မောင် စိတ်ရှိတိုင်း ဆိုလျှင်တော့ Jeon Jimin ရှိရာအရပ်သည် နှစ်ခါပြန်ပြောစရာမလိုလောက်အောင် သူဦးတည်ဖြစ်လိမ့်မည်ထင်သည်။
သူ့အဖိုးပြောခဲ့တာက အမွေပါတဲ့
သိပ်လွယ်ခဲ့တာ အပြောအရမောင့်ဆန္ဒတွေ သိပ်နည်းပါးခဲ့သည့် မောင်ရပ်တည်ခဲ့ရသည့် နေရာသည် တော်ရုံတန်ရုံ ဒဏ်ရာအနာတရ တွေနှင့် တက်ရပ်လို့မရသည့်နေရာ
သည်လို နေရာမျိုးအား မေတ္တာ တွေကြောင့်ပါဟု ဆိုကာ အတင်းကြီးလက်ထဲထိုးထည့် သွားသော သူ့အဖိုး၏ မေတ္တာက ဘာအမျိုးအစားလဲ ဝေခွဲ၍မရ
လွန်ခဲ့သည့်နှစ်တွေက သူ သည်နယ်မြေကို ခြေ ချခဲ့သည့် ရည်ရွယ်သည် ရိုးရှင်းလွန်းခဲ့သည်။
မွေးကတည်းက အမှတ်တရသေးသေး လေးတောင်ရှာ မတွေ့တော့သည့် မာမီ့ပုံရိပ်လေးကို တွေ့ချင်လို့
ပြီးလျှင် သူပြန်မည်။
သူနှင့် လက်ထပ်ထားသည့် ယောက်ျား လှလှလေးဆီကို ပြန်ကာ ဒယ်ဒီ့ဆီ ပွဲထုတ်ပြီး မောင့် မာမီအမွေ ပေးခဲ့သည့် အိမ်တွင်ပြောင်းနေမည်။
သူ့မုန့်ဖိုးနှင့်ပင် အားတိုင်း အပန်းဖြေဖို့ အပျင်းလည်းပြေ အရင်းလည်းကျေ ဝယ်ထားခဲ့သည့် club, bar လေးငါးခုရှိတာမို့ အလုပ်ကတော့ မယ်မယ်ရရမရှိလည်း သူ့အတွက် ကိစ္စမရှိ
ကျောင်းသားဘဝနှင့်ပင် မောင်က အတော်လေး စွယ်စုံနေခဲ့ ပြီ
မောင့်ရဲ့ ကြီးကြီးမားမား အလုပ်သည် မနက်အိပ်ယာထချိန် ညအိပ်ယာ ဝင်ချိန် ဘယ်အချိန်ဖြစ်ဖြစ် Jeon Jiminကို ကျီစယ် ဖို့
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...