Part-(40.2)Ending

6.1K 392 33
                                    


အခန်းထဲ ပြန်လာခဲ့ချိန်တွင် ပထမဦးဆုံး ဦးတည်မိတာက စာကြည့်စားပွဲဆီသို့

အရင်ဆုံး ဖုန်းအဟောင်းလေးကို power ဖွင့်လိုက် သည်။

မောင့်ရဲ့ ဖုန်းအဟောင်းလေးထဲမှာ စိတ်ဝင်စားစရာတွေဘယ်လောက်ရှိလို့များ မောင်က အခုချိန်ထိ သိမ်းဆည်း ထားခဲ့တာလဲ သူသိချင်လှသည်။

Power ပွင့်သွားသည်နှင့် ဖုန်းသည် lock ခတ်ထားတာမို့သူ အကြပ်ရိုက်သွားရသည်။

အမျိုးမျိုး သော ရက်တွေကို ကြိုးစား ရိုက်ကြည့်ပါသော်လည်း ဖုန်းသည် ပွင့်မလာခဲ့

နာရီဝက် တစ်နာရီလောက်ခန့် စဉ်းစားရကြပ်နေခဲ့ တာမို့ သူ့နည်း သူ့ဟန်နှင့် Lock ကို ဖျက်ဖို့် ကြိုးစားလိုက်ကာ laptop ကို လှမ်းယူလိုက်သည်။

သို့သော် Jimin ခေါင်းထဲ လက်ကနဲ ပေါ်လာသည့် နံပတ်တစ်ခုက ဖုန်း screen ပေါ်မှာ ကြိုးစား ကြည့်ဖို့ သူ့ကို တွန်းအား ပေးနေခဲ့သည်။

ရိုက်နှိပ်ပြီးချိန်တွင် ပွင့်ကျသွားသည့်ဖုန်းကြောင့် Jimin အသက်ကို မနည်းဝအောင်ရှူ လိုက်ရသည်အထိ

"မဖြစ်နိုင်တာ ဒါပေမယ့်  ဖြစ်လည်း ဖြစ်နေတယ်"

131995

မောင်က သူ့ကို ရူးအောင် လုပ်နေတာပဲ

မောင့်ဖုန်းထဲမှာ သီချင်းတွေမရှိခဲ့
မောင့်ဖုန်းရဲ့ Audioမှာ အထက်တန်း တက်ချိန်သူစာပြန်ရှင်းပြခဲ့တဲ့ အသံ တွေကသာ ကြီးစိုးနေခဲ့သည်။
မရိပ်မိခဲ့တာ နှစ်တွေ ကြာသည်အထိ သူဘာဖြစ်လို နမော်နမဲ့ နိုင်ခဲ့ရတာလဲ လို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။

ဖုန်း gallery ဆီကူးမိတော့ တွေ့လိုက်ရသည့် ပုံရိပ်တွေသည် ထောင်ချီနေခဲ့သည်။
မောင့်ပုံရိပ်တွေတော့ မဟုတ်ခဲ့ပါ
အမျိုးစုံသော အဝတ်အစားတွေသာ ပြောင်းလဲသွားခဲ့သော်လည်း နောက်ကျောပြင် လှလှလေးက တော့ မပြောင်းမလဲ

"ဟင်...မောင့်မှာ ဒီပုံလေး ရှိသေးတာကိုး"

အထက်တန်း အောင်လို့ သူကျောင်းဆင်းတဲ့နေမှာ coat ဝါဝါလေးနှင့် ရိုက်ထားသည့် ပုံရိပ်လေးက ဖုန်းထဲမှာ သူ့မျက်နှာ တည့်တည့် မှ ရိုက်ထားသည့် ရှားပါး ပုံလေး တစ်ပုံ

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now