Part-(6)

4.3K 423 12
                                    

ကျုပ်က လမ်းတစ်ခုကိုလျှောက်မယ်ဆိုရင် ကျုပ်လျှောက်ရမယ့် လမ်းတည့်တည့်ကိုပဲကြည့်တာမျိုး

လမ်းဘေးဝဲယာက အမျိုးစုံအရောင်စုံတဲ့ အမျိုးမျိုး သော သက်ရှိသက်မဲ့တွေကို အာရုံစိုက်နေရလောက်အောင် ရည်ရွယ်ချက်ကို မေ့နေတတ်တဲ့သူမဟုတ်ဘူး

ခင်ဗျားကတော့ ကျုပ်လျှောက်တဲ့လမ်းပေါ်က တည့်တည့် ဝင်တိုးမိတဲ့ သက်ရှိဖြစ်တည်မှုလေး

..... ..... ..... ..... ..... ..... .....  .....  .....   ...

အိမ်ကြီးရှင်ရဲ့ တောင်းဆိုမှုက နားတွေအူသွားလောက်တဲ့အထိ ကြေးကြီးခဲ့ပါသည်။အရာအားလုံးနှင့်သွေဖယ်နေတဲ့ သခင်လေး ရဲ့လောကမှာ သူကို အစိုးရသူမရှိခဲ့တာမို့ ဂျွန်ဟာ သူ့အတွက်သီးခြား ကမ္ဘာမှာဆို ဘုရင်စစ်စစ်လေးတစ်ပါး လိုချင်တာကို တောင်းတနေမည့်သူမဟုတ် မဖြစ်ဖြစ်တဲ့နည်းနှင့်ရအောင်ယူမည့်သူ အောက်ကျို့ရခြင်းမရှိ အမိန့်ကိုသာပေးသူ အလဲအထပ်ဆိုတာ လက်ချိုးရေလို့ ရတဲ့အထဲက တစ်ခု လက်ရှိအလဲအထပ်ကလဲ သူ့ယောက်ျား ဆိုတဲ့သတ်မှတ်ချက်ကြောင့်ပေလား..

"ဘာ့ကြောင့် ကျွန်တော်က ခေါ်ရမှာလဲ"

"ကျုပ်ခေါ်စေချင်လို့"

ခေါ်စေချင်လို့ဆိုတဲ့ ဖြေရှင်းချက်မှာ အဖြေမရှိ

"မခေါ်နိုင်ဘူး"

"ခေါ်ရမယ်"

"အကြောင်းပြချက်"

"ကျွန်တော် တို့အဲလောက်မရင်းနှီးသေးဘူး"

သူနှင့်ကိုယ့်ကြားမှာ လွန်ခဲ့တဲ့ လေးနှစ်က ခန္ဓာကိုယ် ချင်းတစ်ကြိမ်တစ်ခါရင်းနှီးမှုရှိခဲ့သော်လည်း စိတ်ချင်းရင်းနှီးမှုမှုမျိုး ကလုံးဝဖြစ်ခဲ့ခြင်းရှိခဲ့တာမှ မဟုတ်တာ

"ခင်ဗျားကကျုပ်ယောကျာ်းတောင်ဖြစ်နေပြီလေ ဒီထက်ဘယ်လိုပုံစံမျိုးနဲ့ရင်းနှီးချင်နေတာလဲ"

"စိတ်ချင်းရင်းနှီးမှုက မေ့ထားလို့မရဘူး"

"အဲဒါဆို မောင်လို့ခေါ်လိုက်လေ ရင်းနှီးသွားလိမ့်မယ်"

"မရင်းနှီးပဲနဲ့ မခေါ်ချင်ဘူး."

"ခေါ်လိုက်ရင် ရင်းနှီးသွားလိမ့်မယ်"

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now