ကိုယ့်အတွက် အန္တရာယ်များနိုင်မှန်းသိသိ ကြီးနဲ့
အဲဒီရပ်ဝန်းကမခွာနိုင်ဖြစ်နေတာက ..
ကျုပ်ရဲ့ စီးကရက်တွေလို စွဲလမ်းစရာဓာတ်တွေ
သူ့နှုတ်ခမ်းမှာ ပါနေတဲ့ပုံပဲ..
.... .... .... .... ..... ..... ..... .... ..... .....
သူ့ရဲ့ ဘာရယ်ညာရယ် တုံ့ပြန်မှုတွေကို သိပ်ဂရုစိုက်ဟန်ပြပုံမရှိတဲ့ Jeonကအနက်ရောင် စောင်ကြီးခြုံထားတဲ့ သူ့ကိုယ်လုံးကြီးဖြင့်တွန်းတိုက်ကာ အထဲဝင်လာပြီး ဖြူလွလွ မွေ့ယာခင်းတစ်ဖက်ခြမ်းသို့ သွားကာ လှဲချလိုက်လေသည်။
လူနှစ်ယောက်စာအတွက် ချောင်ချောင်ချိချိဖြစ်တဲ့ ကုတင်မို့ နေရာအတွက် ထူးထွေ ပူပန်နေစရာ မလိုသော်ငြား လာအိပ်သူက တခြားသူမဟုတ် သူ့ယောက်ျား Jeon ဖြစ်နေသည်ပင်။Jeon ဖြစ်နေလို့မထူးဆန်းဘူးလို့တော့မထင်လိုက်နဲ့ ထူးဆန်းချက်ကတော့ အတော်လေးထူးဆန်းနေသည်ပင်
ခုတလော သူ့ယောက်ျား က စိတ်မှသိပ်မှန်မနေဘဲ Park Jimin နှင့်ပတ်သက်လာလျှင် Jeonကသာ အမြင့်ကလူ သူ့ဘက်ကပဲ အရာရာကို လုပ်ပေးနိုင်သူPark Jimin ရဲ့လိုအပ်ချက် သေးသေးမွှားမွှားကအစ ဖြည့်စည်းပေးနိင်တဲ့ အရာရာကိုပိုင်းစိုးသူဟု ဘဝင်ခေါင်ခိုက်နေသူ
Jeonကသတ်မှတ်ထားတဲ့ သူ့ရဲ့ အပိုင်ပစ္စည်းတစ်ခုအဖြစ် ကလွဲလို့ လူလို့ပင်မြင်ရဲ့လားလို့ မတွေးခဲ့တဲ့ဆရာဝန်လေးဆီက အခုတလော တောင်းဆိုချက်တွေများနေခဲ့သည်မို့
"ကျွန်တော် ဆိုဖာပေါ်အိပ်.အိပ်"
"အိပ်မပျော်လို့ အဖော်ရအောင် လာအိပ်ပါတယ်ဆိုမှ ခင်ဗျားက ဘယ်လို ယောကျာ်းလဲ!!!!"
အာခေါင်ခြစ်အော် နေသလားအောင့်မေ့ရတဲ့ Jeon ရဲ့အသံကြီးက ဟိန်းထွက်လာခဲ့သည်များ Mic နှင့်တွဲအော်နေသည့်အသံနှင့် Level ချင်းယှဉ်နိုင်သည့် အခြေအနေ ပင်
အဖြူစွတ်စွတ် pajamas ဝတ်ထားသော်လဲ ဖွေးဥနေတဲ့ အသားအရည်ကြောင့် မှိန်ကျသွားဖို့ မဖြစ်နိုင်တဲ့ ဆရာဝန်လေးက ညမီးရောင်အောက်မှာ ရှင်းရှင်းသန့်သန့် လေးချောနေခဲ့သည်။ပါးတစ်ဖက်ကဖိအိပ်ထားခဲ့သည်မို့ စတော်ဘယ်ရီ ရောင်လေးတောင်သမ်းလျှက် မျက်ခုံးတန်းတွေ ကတွန့်ချိုးလျှက် ညကြီးသန်းခေါင်ရောက်ချလာသည့် မာနကို တန်ချိန်ဖြင့် ထမ်းပိုးထားသူကြောင့် အတော်လေး စိတ်အိုက်နေခဲ့သည်။
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...