Part-(35.1)

2.6K 261 16
                                    

တစ်ခါတစ်ရံမှာ အဝေးက အရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြပေမယ့်

နီးလွန်းတဲ့ အရာတွေကို မြင်ရတာ ခက်ခဲနေတတ်ပြန်တယ်

မကြည့်တတ်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်

.... ..... ..... ..... ..... ..... ..... ..... ......

"ဗုန်း!..ဗုန်း!!"

"ကိုကို....ကိုကို ကျွန်တော့်ကိုတံခါးဖွင့်ပေးပါဦး"

တံခါးခေါက်နေခဲ့သည် မဟုတ်သော တံခါးထုသံ က မနက်ခင်းမှာ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာခဲ့ ခြင်းကြောင့် မျက်ဝန်းတွေ သည်သတိကြီးကြီး ပွင့်လာခဲ့ရသည်။

သည်အသံ... ကလေးလေးရဲ့ အသံ
သူ့ အတွက် နှစ်ယောက်မရှိတဲ့ အသံ မဟုတ်လား
ထိတ်ကနဲ ဖြစ်သွားကာ အပြေးအလွှားတံခါးဆွဲဖွင့်တော့
ဖြူလွှလွှ ပုံရိပ် ငယ်က မနက်ခင်းမှာ Bathrobe တစ်ထည်ကို ဝတ်ဆင် ထားပြီး ချွေးစက် တွေလား ရေစက်တွေလား မသဲကွဲသည့် အရာတွေက မျက်နှာ လှလှ လေးပေါ်ခိုသီးလို့

မျက်ဝန်းတွေ က အတော်လေး မငြိမ်မသက် ရှိလှစွာ လက်သေးသေးတွေ ကို ဆုပ်လိုက်ဖြန့်လိုက်လုပ်နေခဲ့သည်။

လူနာတွေအတွက်ကလွဲလို့ အချိန်တိုင်း ဝင့်ချီနေတတ်တဲ့ ....အချိန်တိုင်း တည်တင်းနေတဲ့ မျက်နှာလေးက လက်ရှိမှာတော့ အတော်လေးသွေးပျက် နေသည့်ဟန်

သိပ်ရင့်ကျက်ပြတတ်သည့် သည်ကလေးလေးက အရေးပေါ် လူနာများကိုပင် အေးဆေးသက်သာစွာ ဖြေရှင်းတတ်သေးသည်။

သည်ကလေးကို ဟန်မဆောင်နိုင်လောက်အောင် ဖြစ်စေခဲ့သည့် အကြောင်းအရာသည်လည်း သေချာပေါက် ကောင်းနိုင်ဖွယ်ရာမရှိ

"ဘာဖြစ်တာလဲ Jimin"

"ကိုကို လိုက်ခဲ့ "

"ဟ.."

ငြင်းချိန်ပင်မရ ခဲ့ ဆံပင်ဘုတ်သိုက်ဖြင့်Yoongiက မနက်ခင်းအခြေ အနေတွေကိုစူးစမ်းဖို့ မျက်လုံးတွေအား သေချာ ဖွင့်ကြည့်ရန်ပင်မအားသေး

အရှေ့မှ Jimin၏လက်ဆွဲခေါ်ရာသို့ ခလုတ်တိုက်မတတ် တရွတ်တိုက်လိုက်နေရသည်။

သည်ပုံစံအတိုင်း ဆက်သွားလျှင်
မှန်ကန်သော ဆုံးဖြတ်ချက် ဖြင့်
မှန်ကန်သော လုပ်ကိုင်နိုင်စွမ်းတွေကို သွေဖီကာ ဖြစ်နေသော ကိစ္စကို ဖြေရှင်းလို့ရမည် မဟုတ်တာကြောင့်
Jimin ထက် ခြေနှစ်လှမ်းလောက် ဦးဆောင် လှမ်းလိုက်ကာ အရှေ့မှ ပိတ်ရပ်လိုက်သည်။

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now