Part-(15.1)

3.9K 372 3
                                    

နှလုံးသားဆိုတာက များများနာကျင်ရမှ ကြင်နာမှုတွေ ဖြစ်တည်လာတာမျိုးထင်ရဲ့..

အထူးသဖြင့် မောင့်နှလုံးသားပေါ့

.... .... .... .... .... ..... .... ..... ..... ....

ရေနွေးတစ်အိုးတည် ဖြစ်သည် ။ ရေနွေးအိုးတည်တာက လွဲလို့ မောင် လုပ်တတ်တာ ဘာမှမရှိ
ဆရာရှိစဉ်က ဒီအိမ်ကလေးကို ခဏခဏလာဖြစ်တာမို တကိုယ်ရေတကာယ ပစ္စည်းအနည်းငယ်က အိပ်စင်လေးအောက်မှာ ရှိနေခဲ့သည်။

"အရမ်းချမ်းတယ်"

တိုးညင်းတဲ့ အသံလေက နားပါးတဲ့သူ့အဖို့ တိတ်ဆိတ်တဲ့ ညယံမှာ အတိုင်းသား ကြားလိုက်ရသည်။

တခြားသူဆီကတော့မဟုတ်ခဲ့ သူအရမ်းဥစ္စာခြောက်ရသည့် ပုဂ္ဂိုလ် လေးဆီက

သူတခဏ တော့ ငြိမ်သက်သွားရသည်။ အိမ်ထဲမှာ မီးဖို ဆီက ထွက်နေတဲ့ မီးရောင်လေးက လင်းလက်နေသည် ။

ဝါကျင်ကျင်မီးရောင်အောက်မှာ ပွယောင်းယောင်း T-shirt နက်စွေ့စွေ့ က ပေါင်လည် အထိသာ ရှိနေခဲ့ကာ
မှေးမှိတ်နေတဲ့ မြင်လွှာထက်က တိုစိပ်စိပ်မျက်ဝန်းတွေက အနုစိတ်ပုံဖော်ထားတဲ့ ပန်ချီကားလှလှလေးလိုပဲ

Park jimin သိပ်လှတာ သူသိပေမယ့် မီးရောင်အောက်က Park Jimin ကရူးချင်စရာကောင်းနေသည်။

မနက်ခင်း အချစ်စမ်းကြမှုမှာ ဆရာဝန်လေးသည် အင်္ကျီတွေ မပါခဲ့တော့

ပါသည့် အင်္ကျီတွေသည် လူဆိုးကောင်၏ ကောင်းမှုကြောင့် ရေစို ခဲ့ရကာ ဖြန့်ထားခြင်းအဆင့်သို့ ရောက်ရှိသွားလေပြီ

မောင်ကလဲ မထူးခြားစွာ အပေါ်ပိုင်းဗလာကျင်း ၍ အောက်ပိုင်းသည် သူယူလာသည် အပိုဆောင်း ဘောင်းဘီတစ်ထည်ဖြင့်သာ

အင်္ကျီ သည် သူ့ရဲ့ ဥစ္စာလေးပေါ်မှာ

မောင်ကြာကြာကြည့် နေဖို့ မဖြစ်နိင် အရှေ့ဘက်မှ အကောင်အထည်သည် သူ့အာရုံကို ကမောက်ကမ ဖြစ်စေသည်။

ခေါင်ဆောင်မည့်သူရဲ့ပလ္လင်အတွက် စိတ်တည်ငြိမ်အောင် အထပ်ထပ်အခါခါ လေ့ကျင့်ပေးသော ဆရာ့ရဲ့ ကျင့်စဉ်တွေသည် သူ့ဆီမှ ထွက်ပြေးဖို့ အားယူနေသယောင်

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now