Part-(33.2)

2.6K 270 6
                                    


"Hyung...
Hyung က cardiologistတစ်ယောက်တော့ ဟုတ်ပါတယ်နော်"

ခုတင်ပေါ်မှ ကလေးငယ်လေးက တင်ပါးကို ဖိပွတ်ရင်း မျက်နှာ လေးတွေနီရဲကာ ပြောလာတော့လည်း စိတ်မကောင်း

"သိပြီးသားပဲကို လက်မှတ်ပြမှ ယုံမှာလား"

တစ်သက်နှင့်တစ်ကိုယ် သည်လူနာလောက် သက်သေသာဓကတွေပြပြီး အာမခံကာ ကုပေးရဖို့ အရေး ကြိုးစားခဲ့ရသည့် လူနာဟူ၍ မရှိခဲ့
မရှိလောက်အောင် လည်း သူက သည်ပညာနှင့် ပတ်သက်လို့ မသေချာခဲ့ဘူးဆိုတာ မရှိလောက်အောင် စေ့စပ်တိကျပြီး လျှမ်းလျှမ်းတောက်ခဲ့သူလေ

"မဟုတ်ရပါဘူး...

ဘာဖြစ်လို့ တအားနာတယ်လို့ ခံစားရနေရတာလဲ"

အထိအခိုက်မခံ နိုင်သူလေး
တကယ့်ကိုထိမိခိုက်မိ တဲ့အခြေအနေမဟုတ်သော လေကြမ်းကြမ်း တိုက်ခံရလျှင်ပင် အများကြီးထိခိုက်တော့မည့် အနေအထားက သည်ကလေးမှာ ဖြစ်တည်နေသည်။

"မင်းက muscle pain ရှိတဲ့ သူလေကွာ
နာတတ်တဲ့ ဆေးမပြောနဲ့ မနာတတ်တဲ့ ဆေးကတောင် မင်းကို နာကျင်စေနိုင်တယ်
နောက်တစ်ခါ hyung ကို စိတ်ပူရ အောင်မလုပ်ပါနဲ့လား"

စိတ်ပူနေတာတဲ့...လောကကြီးမှာ သူ့ကိုစိတ်ပူမည့် သူတွေရှိနေသေးတာပဲ
သူ့ကို ပထမဆုံး စိတ်ပူပေးခဲ့တာ Tae လေ
ပြီးတော့ မောင်...နာရီပိုင်းလေးမောင်စိတ်ပူပေးခဲ့တာနှင့်ပင် Jimin လောကကြီးက အတော်လေးသာယာသွားသယောင်
တစ်လောက လုံးမှာ တစ်ယောက်တည်းရှိတဲ့ အခွင့်ထူးခံလူတန်းစားလိုမျိုး

အခု hyung ကပါ စိတ်ပူပေးနေပြန်တော့ လောကကြီးက နည်းနည်းတော့ သူ့ကိုမျက်နှာသာ ပေးသေးသည်ပဲ

"တောင်းပန်ပါတယ် "

"Hyung တောင်းပန်ခိုင်းနေတာ မဟုတ်ဘူး
ပြောထားတဲ့ ကိစ္စစဉ်းစားပြီးပြီလား"

သူ အတွက်hyung မေးခွန်းက ခက်ခဲ လွန်းခဲ့ပါသည်။
ဆေးထိုးခံလိုက်ရတာကမှ တော်နေသေးသည်။

"မောင်က...မောင်က ကျွန်တော့်ကို ချစ်နေခဲ့ရင်ရော"

"ဒီစကားမှာ ယုံကြည်ချက်တွေမင်းကိုယ်မင်း ရာခိုင်နှုန်း ဘယ်လောက်များ များ ပါနေလဲဆိုတာ မစဉ်းစားခဲ့ ဘူးမဟုတ်လားကလေးလေး

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now