Part-(25.2)

3.1K 340 26
                                    


"ဘုန်း!!!"

အပ်ကျသံကြားရလောက်သော အခန်းကျယ်ကြီးထဲ ကျယ်ကျယ် လောင်လောင် အသံပေးလာသော နယ်မြေ သခင်ကြောင့် အခန်းထဲရှိ နယ်မြေမှူး များ တုန်တက်သွားရသည်။

"ပြော ဘယ်သွားသေနေကြလို့ Jeon Jimin အဲခွေး ဆွဲသွားတာ ခံလိုက်ရတာလဲ"

သူဒေါသထွက်နေတာ ညကတည်းမှ
ဆရာဝန်လေးကို အပြစ်မတင်ရခြင်းတွေသည် သူ့မှာ ခိုင်လုံသည့် အကြောင်းပြချက်များရှိနေခဲ့၍သာ

ထိုသို့မဟုတ်လျှင်တော့ Jeon Jimin
ကိုပါ သူအလွတ်ပေးမည်မဟုတ်
သူ့ပိုင်ဆိုင်မှုလေးကို သူကောင်းကောင်းထိန်းသိမ်းရပေလိမ့်မည်။
ခေါင်းဆောင်တစ်ယောက် အနေနှင့်ရော ခင်ပွန်းတစ်ယောက်အနေနှင့်ပင် သူ့ဘက်က လစ်ဟင်းခဲ့သည်ဟူသော ခံစားချက်ကြောင့်သာ သူ့ဒေါသတွေကို အရှိန်ထိန်းနိုင်လိုက်ခြင်းပင်

"ကျွန်တော်တို့ တခြားထွက်ပေါက်တစ်ခုရှိနေတာကို မတွေ့ခဲ့တာပါ
လျှို့ ဝှက်ပေါက်ကနေ အစ်ကိုလေးကို ခေါ်သွားပုံရပါတယ်

ပြီးတော့ သူထွက်ပြေးသွားတာလည်း လျှို့ဝှက်ပေါက်ကပဲ ဖြစ်ပါတယ် "

"မင်းတို့သာ တိကျသေချာအောင် စစ်ဆေးခဲ့မယ်ဆို ဒီပြဿ နာ ဖြစ်လာလိမ့်မယ် လို့ ထင်လား

အဲအဆောက်အဦးအတွက် ကြိုတင်စစ်ဆေးဖို့ လူဘယ်လောက်သုံးထားလဲ Hoseok "

တစ်ချိန်လုံး ငြိမ်ပြီး စဉ်းစားနေတဲ့ အတွင်းရေးမှူး ကြီးက အာရုံတွေထွေပြားနေဟန်
သခင်လေး ၏ အမေးကိုပင်မဖြေနိုင်စွာ စိတ်နှင့် လူကမိုင်အကွားအဝေး တော်တော်ရောက်လျှက်နေသည်။

"ခေါင်းဆောင် "

ဘေးမှနယ်မြေမှူး ၏ တိုးတိတ်စွာ သတိပေးမှုကြောင့် အသိပြန်ကပ်လာရချိန်တွင်တော့ ရင်ဆိုင်လိုက်ရသည်က မျက်ခုံးတွေ တွန့်ချိုးလို့ အလိုမကျဟန် ရှိနေတဲ့ သခင်လေး
သူ့ကို စူးစိုက်ပြီး ကြည့်နေတာကြောင့် ဘေးဘီ ကိုတစ်ချက် ဝေ့ဝဲ ကြည်မိတော့ သူ့ကို အားလုံးက အထူးအဆန်း ကြည့်နေကြပြန်သည်။

ထူးဆန်း နေရခြင်းတွေသည် မမှားခဲ့ ဒေါသထွက်နေသည့် သခင်လေးပင်ရပ်တန့်သွားရသည် အထိ

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now