မာယာတွေအများကြီး ကြားမှာ မောင့်ကိုမရှင်သန်စေချင်ဘူး...
ကျွန်တော့်မာယာတွေကလွဲလို့ပေါ့...
.... .... ... .... .... .... .... .... .... .... ....
Club တစ်ခုရဲ့ dancing floor မှာ မြူးကြွကြွ သံစဉ်တွေ ကြား ရှိုက်ဖိုကြီးငယ် အသွယ်သွယ်တို့ ကို လှစ်ဟနေတဲ့ အဝတ်စားတောက်တောက်တွေနဲ့ ခပ်ဟော့ဟော့ အမျိုးသမီးလေးက ကနေခဲ့သည်။
ပုရိသအားလုံးနီးပါးရဲ့အာရုံတွေက Dancing floor မှ ထိုအမျိုးသမီးလေးထံ တရစ်ဝဲဝဲနှင့်
"JK"
ဘာလဲဆိုသည့် သဘောဖြင့် မျက်ခုံပင့်ပြလာသည့် ထိုလူသားက နက်ပြာရောင် ဂျင်းအပေါ်ထပ်အဖြူ ရောင် shirt ပေါင်ရင်းအထိ ပြဲနေသော ဘောင်းဘီတို့နှင့် အတော်လေးမိမိမိုက်မိုက်ရှိနေခဲ့သည်။
"မေဘယ်လ် ကမင်းအတွက်တောင် သီးသန့်ဖျော်ဖြေနေသလိုပဲ"
ပခုံးတစ်ချက် တွန့်ပြလာတဲ့ သူက ဘယ်အရာကိုမှ လက်ထဲက cigaretteလောက်တောင် စိတ်ဝင်စားဟန်ပြမနေခဲ့
Dancing floor ဘက်ကို တစ်ချက်စွေကြည့်လိုက်ကာ"ဘာကြောင့် ငါ့အတွက် ဖြစ်ရမှာလဲ"
"Jk မင်းအဲလောက်အနေတဲ့သူမဟုတ်ပါဘူး ကနေတာတောင် မျက်ဝန်းတွေ က မင်းဆီမှာချည်းပဲ"
သူသိသည် sexy ဆန်ဆန် ယိမ်းနွဲ့ နေတဲ့ထိုအမျိုးသမီးရဲ့ အကြည့်တွေက ကကွက်တွေသာပြောင်းသွားမည် သူမအကြည့်တွေကတော့ သူ့ဆီသို့သာ ရောက်လာ နေသည်မှာ စက္ကန့်အပိုင်းခြား တစ်ခုနှစ်ခုစာသာ ခြားသည်။
"ဆန်းလို့လား ထုံးစံပဲဟာ"
အမှန်တကယ် ကိုဒါတွေဟာ သူ့အတွက် ဆန်းကြယ်မနေ ကိုယ်ကမဆွတ်ပေမယ့် အလိုက်သင့်ညွှတ်ပေးနေသူတွေက ဘေးပတ်ပတ်လည်မှာ နံပတ်စဉ်နဲ့စောင့်နေခဲ့ကြတာမျိုး
စိတ်ကြိုက်တွေ့လျှင်တွဲလိုက်မည် မကြိုက်လျှင်ငြင်းမည် ဒါမှသူ့အလုပ်
"သူက နည်းနည်းတော့ အရိုင်းဆန်တယ် ဒီclub ကိုလာတဲ့ သူတွေက မေဘယ်လ် ကိုမျက်စိကျ သွားလို့ ရောက်လာကြတာများတယ်"
"ငါဒီကို အရက်သောက်ဖို့လာတာ စိတ်ပါရင်ကဖို့ပေါ့ တခြားသူအကြောင်းပြောနေမယ်ဆိုရင်လစ်လိုက်တော့"
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...