အသက်ရှင်လည်ပတ်နေသမျှ တွေ့ ဆုံမှု တွေတိုက်ဆိုင်မှုတွေက မနည်းမနော ကြုံ ကြရမှာပါပဲ
မောင့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ တွေ့ဆုံမှုတွေ တိုက်ဆိုင်မှု တွေကလည်း ရိုးရှင်းတဲ့ မောင့်စိတ်တွေကို တက်တူးရေးဆွဲခဲ့ သလို
နာကျင်မှု နဲ့ တစ်သက်တာ အမှတ်အသား တွေကို ရခဲ့တယ်နဲ့ တူပါတယ်
.... .... .... ..... .... .... .... .... .... .....
"သူ က ကျွန်တော့် ကို ဘယ်တော့မှ ထားခဲ့ မယ့်သူမဟုတ်ဘူး ...
သူပြန်လာလိမ့်မယ်"လက်ရှိအချိန်တွင် သူပြောနိုင်ဆုံးစကားတစ်ခု။ ထိုလူက သူ့လက်က အမြဲတမ်းပြေးချင်နေတဲ့သူ
သူနဲ့ဝေးဝေးမှာနေချင်နေတဲ့သူ
သွားပါစေပေါ့... သူနှင့်ဝေးနိုင်သလောက်ဝေးဝေး
အဆုံးသတ် မှာ တရားဝင် ယောက်ျား ဖြစ်တဲ့သူ့ဆီ ကို ထိုလူသေချာပေါက် ပြန်လာ ရပေလိမ့်မည်။
ခဏလောက် တော့ လွှတ်ထား ရမှာပေါ့
တစ်ဘဝလုံးစာအတွက် အရင်းအနှီးတစ်ခုအဖြစ်နှဲ့ .."ငါလည်း မင်းအဘွားကိုအဲလိုပဲ ပြန်လာလိမ့်မယ်လို့ ယုံကြည်ချက်ရှိရှိကြွေးကြော်ခဲ့ ဖူးတယ်
တကယ်တော့ သူကငါ့ကို ရာသက်ပန်ကျောခိုင်းပစ်ခဲ့တာ
မင်းအမေငါ့လက်ထဲမှာ ရှိနေခဲ့တာတောင်မှ သားသမီးဆိုတဲ့ ကြိုးနဲ့ ချည်ခဲ့တာတောင်မှပေါ့
အရာရာ ဟာထင်သလောက်မလွယ်ဘူးကောင်လေး"Jeon က မာမီ့ဓာတ်ပုံကြီးကိုလက်ချောင်းသွယ်သွယ်တွေနှင့် ထိတွေ့နေပြီး
"သူကိုယ်တိုင် ကျွန်တော့် ကို ချည်ခဲ့တာဗျ...
ကျွန်တော် သူ့ကိုမချည်ခဲ့ဘူး
ကျွန်တော့်အနားက သူခဏခဏထွက်ပြေးသွားတတ်တယ်
သူ့ဖာသာပဲ အချိန်တန်ရင် ပြန်ရောက်လာတတ်တယ်
သွားလည်း မခေါ်ဖူးသလို နှင်လည်းမနှင်ခဲ့ဖူးဘူး
ကျွန်တော် သူ့ကို သဘောမကျဘူး ဗျာ
စိတ်အပြောင်းအလဲ မြန်လွန်းလို့
ဒါနဲ့ပဲ စာချုပ်မှာ လက်မှတ်ထိုးလိုက်တယ်
သူလိုချင်တာ ဒီလို ဆက်နွယ်မှုလို့ ထင်လို့ ""မင်း သူ့အပေါ်မှာ ဘာခံစားချက်မှမရှိဘဲ နဲ့တော့ ဒါတွေက လွယ်လွယ် ကူကူ လုပ်ဖြစ်မှာမဟုတ်ပါဘူး..ကောင်လေး"
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...