Note

915 70 3
                                    

Hello,မောင့်ယောကျာ်းက ပြီးသွားခဲ့ပြီပေါ့နော်
တစ်လျှောက်လုံး အဆုံး ထိလိုက်ပါပေးခဲ့ကြတဲ့ စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ကျေးဇူးတင်ပါတယ်

ပထမဦးဆုံး ဇာတ်လမ်းနဲ့ပတ်သက်ပြီး ဇာတ်အိမ် စတည် ကတည်းက စဉ်းစားမိတာက မောင့်ရဲ့နောက်ခံ ဟာဇာတ်လမ်းထဲက ဘယ် characters လေးတွေမှ ယှဉ်မရအောင် ကြီးမားလွန်းတဲ့ အင်အား ကြီးမားတဲ့သူ ဖြစ်နေဖို့ပါပဲ
ဇာတ်လမ်းတိုင်း မှာ ဖော်ပြခဲ့သလို ML ဟာ အင်အား ကြီးနေမှ ဖြစ်မှာဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲ

အင်အား ကြီးတာချင်းအတူတူမှာ မောင့်

ရဲ့ဆယ်ကျော်သက်ဘဝက အင်အားကြီးပုံနဲ့ နယ် မြေအရှင်သခင်ကြီး ဖြစ်လာတဲ့အထိ အင်အားကြီးပြီး strong ဖြစ်တဲ့ ပုံစံတွေဟာ အဆင့်ဆင့် ကွာခြားခဲ့ပါတယ်

နယ်မြေသခင်ကြီး ဘဝမှာ နောက်ခံ ကြောင့်မဟုတ်ဘဲ
မောင့်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ကြောင့် ပိုပြီး
အင်အား ကြီးတဲ့ ပုံစံမျိုးကို မြင်စေချင်ခဲ့တာပါ

ပြီးတော့ မောင်ဟာ ပတ်ဝန်းကျင် အသိုင်းအဝိုင်း မိဘတွေ အပေါ် ဆိုး တာထက်

မောင့်ပိုင်ဆိုင်မှု လေး အပေါ်မှာတော့ ပိုဆိုးပြခဲ့ပါတယ်

မောင်ဆိုးပြရခြင်းဟာ မောင့်ပိုင်ဆိုင်မှု လေးရဲ့ အာရုံ တွေကို

တစ်စက္ကန့် တစ်မိနစ် တောင် တခြားသူအပေါ် မောင်ကလွဲလျှင် မစွန့်ကြဲစေချင်လို့ပါတဲ့

မောင်ဘယ် လောက်ဆိုးလိုက်သလဲ

ဆရာဝန်လေး ဆိုတဲ့ ဘဝ လေးကိုတော့

ဇာတ်လမ်း အစတုန်းက ရိုးရှင်းတဲ့

ကျောင်းသားလေးအဖြစ် မြင်ခဲ့မိပါသေးတယ်
ဒါပေမယ့် မောင်နဲ့ ပခုံးချင်း ယှဉ် ရမယ့်

မောင့် နှလုံးသားကို ချုပ်ကိုင်နိုင်မယ့်သူဟာ
နုညံ့မယောင်နဲ့ အရာရာ ကိုသိုသိုသိပ်သိပ်လေး ဖုံးကွယ် နေတတ်တဲ့သူမျိုး ဖြစ်နေတာက ပိုပြီးအဆင် ပြေလိမ့်မယ်လို့ ယူဆခဲ့တာပါ

အမှန်တကယ်မှာ မောင့်ပိုင်ဆိုင်မှုလေးက မောင့်ထက် အများကြီးရင့်ကျက်ပြီး
မောင့်ဘဝကို ခြယ်လှယ်နိုင်ပေမယ့်
တစ်ခါတစ်လေ မောင့်ကိုပဲ ဦးစားပေးပြီး တုံး အချင် ယောင် ဆောင်တတ်ပါသေးတယ်

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now