"မင်းကို အနှစ်နှစ် အလလ ကတွေ့ချင်နေခဲ့တဲ့သူတစ်ယောက်ပေါ့"အရှေ့မှ အသက် ငါးဆယ်ကျော် ခန့်ရှိမည့် လူကြီး တစ်ဦးက ထိုင်ခုံ တစ်လုံးဖြင့် လာထိုင်သည်။
"ကျွန်တော့်ကို သတ်ချင်လို့လား"
"မဟုတ်ဘူး"
မဆိုင်းမတွ ဖြေလာသည့် ထိုလူကြီးက Jimin ကိုသာ မမှိတ်မသုန် စိုက်ကြည့် နေခဲ့သည်။
"လူကြီးမင်းက မသတ်ချင်ဘူး သာပြောနေခဲ့တာ
ကျွန်တော့်ကို ဧည့်ခံ ကြိုဆို ထားပုံက သိပ်တော့ အဆင်မပြေဘူး ဗျာ"ဆရာဝန်လေး၏ အပြုံးလေးနဲ့ ခနဲ့တဲ့တဲ့ စကားလေးကြောင့် ထိုလူကြီးက လက်ပြန်ကြိုး တုတ်ထားသည်ကို သတိရသွားဟန်နှင့်
"သြော်..သူတို့ကို သေချာ မမှာထားလိုက်မိဘူး မင်းမခုခံဘူးဆိုရင်တော့ အဲဒီ ကြိုးတွေကို ဖြုတ်ပေးလို့ရပါတယ်"
"ဒါက ခင်ဗျားပိုင်နက်လေ ကျွန်တော် အဲလိုမျိုးမလုပ်နိုင်ဘူးဆိုတာ
ခင်ဗျားလည်း သိမှာပါ"လူကြီးက ထလာပြီးနောက် အသာတကြည်ပဲ ကြိုးတွေကို ဖြုတ်ပေးလာသည်။
Jimin အဲလောက် စည်ရုံးရ လွယ်ကူ လိမ့်မည်ဟု မထင်မိခဲ့
"ကျွန်တော့်ကို ဘာ့ကြောင့်တွေ့ချင်ရတာလဲ"
"ဒီတိုင်းလေး မသေခင် သူနဲ့သိပ်တူတဲ့ မင်းကို တစ်ခါလောက် တွေ့ဖူး ချင်ရုံလေးပါ "
ဆရာဝန်လေး၏ မျက်ခုံးတန်းတွေ ပင့်တက်သွားရကာ
အပြုံး နုနု လေးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး"ခင် ဗျားက Mr.Lee ပဲ"
"အင်း...မင်းမှန်တယ် "
"ကျွန်တော် လည်းတွေ့ ချင်နေခဲ့တာ
မောင်အနှစ်နှစ် အလလ က ကြောက်ခဲ့တဲ့ အကြောက်တရားက ခင်ဗျားကြောင့် လို့ ယူဆလို့"ဆရာဝန်လေး၏ မျက်ဝန်းတွေက အပြုံးတွေနှင့် အပြိုင် စူးလက်လို့
မောင်နဲ့ အတူရှိနေတိုင်း သိုဝှက်သိမ်းဆည်း ထားတတ်တဲ့ ဆရာဝန်လေး၏ မျက်နှာ တစ်ဖက်ခြမ်းသည် Mr.Lee အရှေ့တွင်တော့ သိပ်ထင်ရှားလို့"ဟား..ဟား...ဟား Jeon Jung Kook ရဲ့ အကြောက်တရား ဟား..ဟား...ဟား"
ထိုလူကြီး၏ မျက်ရည်တွေ ထွက်ကျ မတတ်ရယ်မော နေခြင်းက စိတ်လွတ်နေတဲ့ သူနှယ် အခန်းထဲတွင် ဟိန်းထွက်နေခဲ့သည်။
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...