မောင်က အချစ်ကို အများကြီးဖွဲ့ဖွဲ့နွဲ့နွဲ့ မရှိလှပါဘူးမောင်ချစ်တဲ့ မောင့်ပိုင်ဆိုင်မှု လေးက ကဗျာတွေထက် သိပ်လှ ခဲ့တော့
ကာရံမညီ လိုက်မမီတဲ့ ကဗျာတစ်ပုဒ်ကို ရေးဖွဲ့ရမှာထက်
သိပ်လှ လွန်းတဲ့ သက်ရှိကဗျာ လေးကို ထိုင်ကြည့် နေရတာကိုပဲ မောင်ကပိုနှစ်ခြိုက် ခဲ့သူပါ
..... ..... ..... ..... ..... ..... ...... ......
ကျန်းမာရေးသည် ပကတိကောင်းမွန်တဲ့ အနေအထား မရောက်သေးတာမို့
မောင့်ပိုင်ဆိုင်မှု လေးသည် မောင့်အား အပျောက်မခံခဲ့
လူနာကြည့်ချိန်တွင်ပင် ထိုင်ခုံ ပူအောင် မထိုင်ခဲ့ရှာအစာစားချိန် တွင်လည်း မောင့်လက်တွေ တစ်ချောင်းမှ လှုတ်စရာ မလိုလောက်အောင်ဘယ်နေရာရောက်နေနေ လိုက်ပြီး ခွံ့ ကျွေး နေတာမို့ မစားချင်တောင် ငြင်းဆန်၍မရ
ဆရာဝန်လေး၏ တစ်နေ့တာအချိန်တော်တော်များများသည် မောင်ရှိနေသည့်ရပ်ဝန်း၌သာ အချိန်ကုန်ဆုံးတတ်သည်။
ဦးငယ် တို့သည်လည်း အလုပ်တော်တော်များများအား မောင့်ကျန်းမာရေး အခြေအနေများကြောင့် စံအိမ်သို့သာ လွှဲယူ လျှက် လုပ်ခဲ့ ကြရသည်။
လက်ရှိအချိန်တွင်တော့ မောင်သည် အားလုံး၏ အချစ်ခံလေး
အထူးသဖြင့် မောင်သည် Jeon Jimin ဆိုသော မောင့်ယောက်ျား ၏ အချစ်ဆုံးလေး
မောင့်မျက်နှာ တစ်ချက်ပျက်သည်နှင့် အိမ်ရှိလူကုန်ပါမကျန် ကင်းစောင့်နေသည့် guard အငယ်လေးတွေအထိ နေစရာမရှိလောက်အောင် ဆရာဝန်လေးသည်တင်းကြပ် ပစ်ခဲ့သည်။
လက်ရှိ အားလုံး၏ အကြောက် တရားသည် သြဇာကုန် အာဏာ အကုန်ရှိနေသည့် ဆရာဝန်လေးဆီမှာသာ
ဆရာဝန် လေး ဘာလုပ်လုပ် ပြုံးကြည့်နေမည့် Phoenix အရှင်သခင်ကြီး သူ့ယောက်ျား ရှိသလို
ဘာလုပ်လုပ်နောက်က လိုက်ရှင်းမည့် BLUE SKY ၏ ခေါင်းဆောင်ကြီးကလည်း ရှိနေခဲ့ ပြန်သည်။"မောင် ဘယ်ရောက်နေတာလဲ
မောင်ရေ!!"အသံစာစာလေးကို ကြားလိုက်ရသည် နှင့်သစ်ပင် ပင်စည်ကို မှီနေသောမောင်၏ နှုတ်ခမ်းပါးပါးတွေက လွန့်ကနဲ
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...