ကျုပ်မှာလည်း ရောဂါတစ်ခု ရှိနေပုံပဲ
Park Jimin ပြုံးလိုက်တယ် ဆိုရင်ပဲ
မနေနိုင်မထိုင်နိုင်တဲ့ ရောဂါ ပေါ့....
.... .... .... .... .... .... ..... .... ..... .....
"မင်း!!! ဘာလုပ်လိုက်တာလဲ "
"ဘာလုပ်လိုက်တယ် ဆိုတာ ခင် ဗျားမသိလို့ ကျုပ်ကို မေးနေတာလား"
အပိုစကားတွေ မပြောချင်တဲ့သူမှ ရှင်းပြစရာတွေက များနေဟန်
အိပ်မှုံစုတ်ဖွားဖြင့် ထလာသူသည် သူ့အိမ်သူ့ယာ မှတ်နေပုံပေါ်သည်။
အပေါ်ထပ်တစ်ထည်ဖြင့် ရင်ဘတ်ပိုင်းဗလာကျင်းနေတဲ့ အဖြစ်က ယောက်ျားတစ်ယောက်မို့ အထူးအဆန်းမဟုတ်
ထူးဆန်းခြင်းတွေသည် နေမထိ လေမထိ အသားအရေပေါ်က တခြားသူတွေ မမြင်အပ်တဲ့ အမှတ်အသားတွေ
သူ့ဝတ်နေကျ မဟုတ်တဲ့ အပေါ်ထပ်က သူ့ကိုလှောင်ပြောင်နေသည်။ခန္ဓာကိုယ်ကို ဆေးပညာလိုက်စားနေသူမို့ ဆန့်စစ် ကြည့်သည် ဖူးနေတဲ့ နှုတ်ခမ်း... ဟိုအရိုင်းအစိုင်းခြယ်လှယ်ထားတဲ့ အမှတ်အသား တွေ... အပေါ်ပိုင်းရင်ဘတ် ဗလာ
ဒါတွေမှလွဲ၍ ထူးခြားပြောင်းလဲမှုသည်မရှိ အပေါ်ထပ် အင်္ကျီတစ်ထည်သည် သူ့အဝတ်အစားမဟုတ်ပြန်
နက်စွေ့စွေ့ ကုတင်ကြောင့် ဟိုအရိုင်းအစိုင်းပိုင်တဲ့ အိမ်တစ်လုံးပဲရောက်နေတာဖြစ်ရမည်။ခေါင်းနည်းနည်း အုံနေသည်။ ညပိုင်းမှာ ရေသောက်သလို သောက်ခဲ့သည့် ယမကာ၏ တန်းခိုးတွေသည် ထုံးစံအတိုင်း ခန္ဓာကိုယ်ကို အဆင်ပြေမနေ
ရေချိုးရမည် အိမ်ပြန်ရမည် နားရမည် ဆိုသည့် အသိတွေက ခေါင်းထဲ အစီအရီ ပေါ်လာသည်။ ကုတင်ပေါ်မှ ထကာ မလှမ်းမကမ်းစားပွဲ ပေါ်မှ club ထဲမှာ ကျန်ခဲ့ ပြီဟု ထင်သော အိတ်ကို ယူကာ coat ရင်ဘတ်ကို ဆွဲစေ့လိုက်ပြီး အခန်းထဲက ထွက်သွားမည်အပြု"Park Jimin ခင်ဗျားဘာလုပ်နေတာလဲ!!!"
"အိမ်ပြန်မလို့"
"ဘာ!!!"
အမေးရှိလို့ဖြေပေးသည်။ အိမ်ပြန်မည်မို့ အိမ်ပြန်မည့်အကြောင်းပြောခြင်းတွင် Jeon က ဘာတွေကို ဒေါသထွက်နေလဲမသိ
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...