Part-(16)

3.8K 360 8
                                    

လက်ထပ်ခြင်းဆိုတာ ကမ္ဘာပေါ်မှာ ရှိတဲ့ ကြိုးပေါင်းများစွာထဲက
ဘဝကိုအရောင်ပြောင်းစေသလို
လှုတ်မရ စေတဲ့ကြိုး....

သေးငယ်တယ်လို့ ထင်ရတဲ့ ကြိုးမျှင်လေးက တုတ်နှောင်မိရင် အရာကြီးစေတဲ့ကြိုး.....

ရစ်ပတ်မိရင် ဖြတ်ရခက်တဲ့ကြိုး..

သိပ်လှပြီး သိပ်အန္တရာယ်လည်း များတဲ့ ကြိုး.. လေးတစ်ချောင်းပေါ့

.... .... .... .... .... .... .... .... .... .... ....

"လက်မထပ်နိုင်ဘူး!"

ဟုတ်တယ်လေ.. ဘာဖြစ်လို့လက်ထပ်ရမှာလဲ
သူ့အသက် နှစ်ဆယ်တောင်မပြည့်သေးတဲ့ တစ်ဆယ့် ကိုးနှစ်အရွယ်လေး

လက်ထပ်မည့်သူကလဲ သူ့အာရုံထဲ အမြဲတမ်း ရှုတ်ယှက်ခတ်စေတဲ့သူ

ဆံပင်တွေကို ခပ်ကြမ်းကြမ်း ဆွဲဖွလိုက်တဲ့ သူ့ဟန်ပန်မှာစိတ်ရှုတ်မှုတွေ အထင်းသား
နားမှ နားကွင်းတိုးလိုတွဲလောင်းတွေသည် Jeon ရဲ့ ခေါင်းတွေလှုတ်ရမ်းသွားတိုင်း သခင့်အလိုကျ ယမ်းခါလို့

ဒယ်ဒီက အတော်လေး အာရုံစားစေသည်။ သူ့ကို သည်လိုနည်းနှင့် ခြေချုပ်ချင်နေပုံရသည်။ခက်တာက သူက Jeon Jung Kook ဖြစ်နေခြင်းပင်

မျက်နှာချင်းဆိုင် မှာထိုင်နေတဲ့ သူက ခေါင်းငိုက်စိုက်ချနေရာမှ မော်ကြည့်လာခဲ့သည်။ အရည်လဲ့နေတဲ့မျက်ဝန်းလှလှတွေကို မကြည့်ချင် တာမို့ခပ်စူးစူးတစ်ချက်ကြည့်ကာ အကြည့်လွှဲပစ်လိုက်သည်။

"မင်းလက်မထပ် ချင်လဲ ကိစ္စမရှိဘူး Jung Kook

Park Jimin လိုလူမျိုးက မင်းလက်မထပ်ချင်တောင် လက်ထပ်မယ့် သူတွေက တန်းစီ စောင့်နေရတာ

ငါက သင့်တော်မယ်ထင်လို့ စီစဉ်တာကို မင်းကလက်မခံနိုင်ဘူးဆိုတော့ သူ့မှာ ဘာတွေချို့ယွင်း ချက်တွေရှိနေလဲ"

ချို့ယွင်းချက်တဲ့... အစရှာလို့တောင်မရခဲ့ဘူး သိပ်လှနေတာကတော့ သူ့စိတ်ကိုထွေပြားစေတဲ့ ချို့ယွင်းချက်လို့ ပြောရမည်လား
Jeon ကို အမြဲအနိုင်လိုချင်အောင် ဖြစ်စေတဲ့ သူ့ဟန်ပန်လေးကပဲချို့ယွင်းနေတာလား
Jeonစိတ်ကိုမတည်မငြိမ်ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ မျက်ဝန်းတွေလား နှာတံလေးလား နှုတ်ခမ်းဖူးဖူးလေးလား မေးသွယ်သွယ်လေးတွေကလား လက်သေးသေးတွေ လား တွေးကြည့်မည် ဆို သူ့ဦးနှောက်ပါ ရောယောင်ပြီး ချို့ယွင်းသွားနိုင်သည်။

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now