Part-(17.2)

3.6K 349 5
                                    

CEO ရုံးခန်းထဲ မှ စားပွဲထက် အလှပန်းအိုးတွင် ထိုးစိုက်ထားတဲ့ ကျူးလစ်ဖြူ ဖြူ တွေကို ကြည့်ရင်း အကြောင်းမဲ့ ပြုံးနေခဲ့တဲ့ CEO ကြောင့် အရှေ့မှ ရှင်းပြနေခဲ့သည့် အတွင်းရေးမှူး ပင် အနည်းငယ် ရွံတွန့်တွန့်ဖြစ်နေမိသည်။

"CEO ကျွန်မတို့ ပြင်ဆင်ရမှာတွေ ရှိသေးလား သိချင်လို့ပါ"

အခုမှ အိပ်ယာမှ ပုတ်နှိုးခြင်းခံရသူလို ကြည့်လာခဲ့သူက နည်းနည်းတော့ အနေရခက်နေဟန်

"ထား ခဲ့လိုက် ဒီည အပြီးကြည့်ပေးမယ်"

အေးအေးဆေးဆေး ပြန်ပြောလာမှ အတွင်းရေးမှူး မလေးသက်ပြင်းကိုဖြည်းညင်းစွာ ချရင်း အလုပ်file ကို အသာအယာစားပွဲပေါ် ချပေးပြီး အရိုသေပြုလျှက် ရုံးခန်းထဲမှ ခပ်သုတ်သုတ်ထွက်သွားလေသည်။ သူမဆူခံရတော့မည်ထင်နေတာ

"Ti...Ti...Ti"

မာမီ့ဆီက ဖုန်းဝင်လာတာမို့ ကောက်ကိုင်လိုက်သည်။

"Hello"

"ကျားပေါက်လေး ဒီည မာမီ့အိမ်မှာ ညစာလာစားလှည့် မာမီ Tae အကြိုက် တွေ အကုန်ချက်ထားတယ်"

ပြဿ..... နာတစ်ခုအစပြုကတည်းက သူ့မာမီ့အိမ်တွင်မနေတော့ သူ့အပိုင် ကွန်ဒိုမှာသာ နေခဲ့သည်။ မာမီက သူ့အလိုက်အထိုက်ကို ကြည့်ပြီးသာ စကားပြောနေခဲ့ရသည်။ အမှတ်ကြီးသူဖြစ်တဲ့ သူကဒဏ်ရာသေးသေးကြီးကြီး သူမမေ့နိုင်အောင် လုပ်ခဲ့ရင် မေ့နိုင်ဖို့ဆိုတာ မလွယ်ကူတော့

"ကျွန်တော်... "

"လာခဲ့ နော်Tae မာမီတို့ မတွေ့ရတာတောင် ကြာပြီ"

"ကျွန်တော် လာခဲ့ ပါမယ်"

အပိုစကားတွေ မဆိုဖြစ်တော့ စကားနည်းရန်စဲနည်းကို သူကျင့်သုံးနေတာမကြာသေး

အလုပ်ဆင်းတော့မှာမို့ အိတ်တစ်ဖက် ကားသော့တစ်ဖက် ကိုင်ကာ ရုံးခန်းထဲမှ ထွက်ခဲ့တော့သည်။ Lift ထဲမှထွက်လာတော့ အဝမှာ ရပ်လျှက် စောင့်နေတဲ့ အမျိုးသမီး ကြောင့် အနည်းငယ် စိတ်အိုက်သွားရသည်။

ကိုယ်က ယတိပြတ် ငြင်းဆန်ထားပေမယ့် သံယောဇဉ် အမျှင်တွေ တသီကြီးတန်းကာ အနောက်က လိုက်နေကြတော့လည်း စိတ်အိုက်ရခြင်းလောက်တော့ ရှိသည်ပေါ့။ Kim Taehyung လို့ဆိုလိုက်တာနဲ့ ဘယ်သူမှ လွယ်လွယ်ခွာမသွားနိုင်တဲ့ ဆွဲအားတွေက သိပ်ပြင်းနေခဲ့သည်ကိုး

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now