မယာတွေ မဟုတ်တဲ့ လက်ဖဝါးသေးသေးလေးတစ်ခု ကိုတောင်....
Jeon ကလွတ်မြောက်နိုင်ခြင်း မရှိခဲ့တာ..
ကျွန်တော့်မာယာတွေ သာဆို Jeon အသက် တောင် ဝဝမရှူ နိုင်မှာ စိုးရိမ်မိတယ်..
.... .... .... .... .... ..... .... .... .... .....
"ဖြန်း!!!"
ရိုက်ချက်တွေက တိတ်ဆိတ်နေတဲ့ အခန်းကျယ်ကြီးထဲ ကျယ်ကျယ်လောင်လောင်
"ငါမင်းကို ငယ်သေးတာကြောင့် အလိုလိုက် အကြိုက်ဆောင်ထားခဲ့တာ အခုလို ရုပ်ပျက်ဆင်းပျက် အကျင့်ပျက်နေဖို့မဟုတ်ဘူး"
"မဟုတ်ပါ ဘူး"
"ငါ့ကိုလိမ်တာ ငါအရမ်းမုန်းတယ်နော်"
Mr.Lee၏ထပ်ရွယ် လိုက်သော် လက်ကို ပါလာသော အမျိုးသမီးကြီးက လှမ်းတားလိုက်ပြီး
"တော်လိုက်တော့ "
"မာမီ.. မာမီ ဦးကိုပြောပေးပါဦး သမီးကို မတရားအနိုင်ကျင့်ခံရတာပါ.."
ထိုအမျိုးသမီးကြီး ရဲ့ ခြေသလုံးတွေကိုဖက်ကာ အသည်းအသန် တောင်းပန်နေခဲ့သည်။ ရှက်ဖို့ကြောက်ဖို့တွေကိုသတိရတော့ဟန်မတူ ပြုလုပ်ခဲ့သောအမှားအတွက် ဖုံးကွယ်ရဖို့အရေးသာ အလေးပေးနေခဲ့တာမို့ သူမရဲ့ အရေခွံခြုံထားသောသရုပ်သည်ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။
club ကိုလာနေကျ သူများပင်လျှင် မြင်တွေ့နေကျသူမ၏ မျက်နာနှစ်မျိုးကို တစ်ပြိုင်တည်းမြင်လိုက်ရတာမို့ တအံ့တသြ တီးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဝေဖန်မှုတွေရှိလာခဲ့သည်။
အမျိုးသမီးကြီးက သူမ ခြေထောက်တို့ကို ရုန်းဖယ်လိုက်ပြီး
"ငါမင်းကို သနားလို့ ငယ်ငယ်လေးကတည်းကလမ်းဘေးက ကောက်ယူမွေးစားခဲ့တယ်..သူများထက်မသာတောင် တန်းတူထားပေးခဲ့တယ် တခြားသူနဲ့ဆို မင်းမှာ နောက်ခံမရှိ မိသားစုမရှိတဲ့သူမို့ အနိုင်ကျင့်ခံရမှာစိုးလို့ ငါ့သားနဲ့ စီစဉ်ပေးထားခဲ့တာ မင်းဆီက ငါဘာမှရဖို့မမျှော်လင့်ဘူး..
ဒါပေမယ့်  ငါ့သိက္ခာကိုချပြီး လှလှပပကျေးဇူးဆပ်ပြလိုက်တာပေါ့"
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...