အရာအားလုံးဟာ ဆိတ်သုန်းသွားခဲ့ သလိုပါပဲ
ပျောက်နေတဲ့ လမ်းတွေကို ပြန်ရှာတွေ့နိုင်တယ် ဆိုပေမယ့်
ကျွန်တော့်နှလုံးသားရဲ့ လွတ်မြောက်နိုင်မယ့် လမ်းတွေက တော့
ပျောက်ခြင်းမလှ ပျောက်ခဲ့ရတယ်
.... .... ..... .... ..... ..... ..... .... ..... .....
"ဒိုင်း! "
တောကြီးထဲ က ထွက်ပေါ်လာသော.ကျယ်လောင်သည့် သေနတ်သံကတော့ လူတစ်ဦးကို အသက်မဲ့သွားစေသည်။
ပတ်ဝန်းကျင်တွင် အချိန်အနည်းငယ်အထိတော့ တိတ်ဆိတ်သွားရကာ အသက်မဲ့သွားပြီဖြစ်တဲ့ ခန္ဓာကိုယ်ကို ကြည့်နေဖြစ်ကြသည်။
အဆုံးအစွန်းထိ နောင်တမရှိတဲ့ သူက တောင်းပန်ဖို့ကို အတော်လေးဝန်လေးခဲ့ဟန်တူသည်။
ချစ်ရတဲ့သူက သူ့ကို နောက်ဆုံး အချိန်အထိ မုန်းမနေခဲ့ဘူး ဟူသော အသိသည် သေခြင်းတရားကိုရင်ဆိုင်ဖို့ ကြောက်ရွံ့တုန်လှုတ် ခြင်း မရှိတော့သည့် ပုံပါပဲ
Mr.Lee ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခြင်းပင်
"သူ့ကို ကောင်းကောင်း မွန်မွန် သဂြိုလ်ပေးလိုက်ပါ"
မောင်မမြင် ခဲ့ရသည့် ဒုက္ခ တွေ၏ တရားခံကို အငြိုးအတေးတွေနှင့် စိတ်တိုင်းကျ တစ်စစီ လုပ်ပစ်ချင်ပါသော်လည်း
ရင်ခွင်ထဲက တစ်ယောက်တည်းသောသူလောက် အရေးမပါခဲ့တော့နယ်မြေသခင်လေး ၏ စကားကို နာခံစွာ Guard အချို့ က အလောင်းကို သယ်သွားကြသည်။
ရင်ခွင်ထဲမှ အနွေးဓာတ်လေးကို ထပ်မံတင်းကြပ်စွာ ပွေ့ ဖက်လိုက်ပြီး ခေါင်းလုံးလုံးလေးကို ဖွဖွလေးနမ်းသည်။
မောင်က ဆရာဝန်လေး၏ နဖူးပြင်ကို သူ့နဖူးပြင်နှင့် ထိ ကာ မျက်ဝန်းတွေကို စက္ကန့်အနည်းငယ် မှိတ်ချထားခဲ့သည်။
ထို့နောက် လက်စွပ်ဝတ်ထားသော လက်သေးသေး လေးတွေကို တစ်ဝကြီး နမ်းရှိုက်လိုက်ပြီး မျက်ရည် တွေကို သုတ်ဖယ်ပေးကာ
"မငိုနဲ့တော့
နောက်ထပ်လဲ မငိုရတော့ဘူး
မောင်မရှိတဲ့ အရပ်မှာမငို ပါနဲ့လား
Jimin
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...