တစ်ခါတစ်ရံမှာ ကျုပ်မဟုတ်တဲ့ တခြားတစ်ယောက်ကို..
နှစ်နှစ်ကာကာ ပြုံးပြနိုင်တဲ့ခင်ဗျား မျက်ဝန်းတွေ က..
ကျုပ်ကိုတော့ တစ်ခြားကမ္ဘာက လူတစ်ယောက်လိုမျိုး ကြည့်နေတတ်တယ်..
ကျုပ်မြင်နေရတယ် ဖွင့်ကြည့်လို့မရတဲ့ ခင်ဗျားရဲ့ အတွေးတွေထဲမှာ ကျုပ်နဲ့ပတ်သက်တဲ့ အစိုင်အခဲတွေကို..
.... .... .... .... .... .... .... .... .... .... .... ....
"အား!!! ပတ်ဂျီမင်း ပြန်လာခဲ့စမ်း"
အောင်မြင်ခန့်ငြားတဲ့အိမ်ကြီးရှင်ရဲ့ အော်သံကြီးက တစ်အိမ်လုံး ဟိန်းထွက်ကာ ကာရံထားသည့်မှန်များပင် အသံလှိုင်းကြောင့် ပေါက်ကွဲထွက် တော့မတတ်
"မလာဘူး "
"ခင်ဗျား ပြောနေတုန်းလာနော်"
မျက်နှာ ချောချောက နီရဲလို့နေကာ နှုတ်ခမ်းပါးပါးလေးတို့က ခပ်စူစူ ဖြစ်လို့နေပုံမှာ ကလေးတစ်ယောက်လိုပါပဲ အခါတိုင်းစိတ်တိုစိတ်ဆိုးပုံတွေနှင့်မတူ ခြားနားလို့နေသည်။လွန်ခဲ့တဲ့နှစ်တွေက Jeon ကို ပြန်တွေ့လိုက်ရသလိုပါပဲ
"ဆေးခန်းဆီပြန်တော့မှာ သခင်လေးလဲသက်သာနေပြီမလို့"
"ဆေးခန်းက အရေးကြီးတာလား ယောက်ျားက အရေးကြီးတာလား"
"သေချာပေါက် ဆေးခန်းပါ"
"ဘာ!!!!!အဲအိမ်ကိုဖြိုချ ပစ်မှာ ကျုပ်လက်ကိုလဲ ခင်ဗျားကိုက်သေးတယ်ဒဏ်ရာတွေဒီလောက်များနေတာကို ကျုပ်ကအရေးမကြီးဘူးတဲ့ ခင်ဗျားဘယ်လိုဆရာဝန်လဲ"
သခင်လေးက သူ့လက်ကောက်ဝတ်ပေါ်မှ နီရဲနေတဲ့ သွားရာ အကွင်းလိုက်ကိုထောင်ပြနေသည်။
မကျေနပ်ချက်တွေနှင့်အတူ အပြည့်အဝပုံချအကြောင်းပြနေသည်က နယ်မြေအားလုံးရဲ့ သခင်ဖြစ်တဲ့ သူ့အဖို့စိတ်ထဲတောင် မရှိတဲ့ ဒဏ်ရာ အသေးအမွှားတွေ ..ဘာဖြစ်ဖြစ်အဲဒီလူ သူ့အနားမှာ နေမှကိုဖြစ်မည်။ အကြောင်းပြချက်က ဘာလဲလို့ မေးရင် သူမသိဘူး အချိန်ကုန်ခံစဉ်းစားနေမှာလဲမဟုတ်ဘူး
"ကျွန်တော်ပြန်မှ ဖြစ်မယ် ဒီနေ့ ကျွန်တော့်ဆီကို လာမယ့်လူနာတွေရှိတယ်"
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...