မျက်နှာများတဲ့ ကျုပ်က ခင်ဗျားရှေ့မှာဆိုရင်တော့ ပင်ကိုယ်ဘဝလေးနဲ့ ရှင်သန်ချင်မိတယ် ....
ကျုပ်ရဲ့မျက်နှာဖုံးတွေခွာချပြီး အစွယ်လေးတွေ ကွယ် ဝှက်ရင်းပေါ့...
........ ........ ......... ......... ......... ..........
"အင့်...ကျွတ်...ကျွတ်"
ခေါင်းကိုဖိကိုင်ရင်း ငြီးညူ နေတဲ့ လူနာလေးက လောလောလတ်လတ် အရေးပေါ် အခြေနေဖြစ်သွားရရှာတဲ့ ဆရာဝန်လေးပင်
"အစ်ကိုလေး သတိရလာပြီလား"
မျက်လုံးတွေ အနည်းငယ် ကျိမ်းစပ်ပြီးခေါင်းကအုံခဲနေတာကြောင့် ချက်ချင်းအမေးစကားကို မဖြေနိုင်သေး ပြတ်သားလာတဲ့မြင်ကွင်းတို့ကြောင့် လက်ရှိအနေအထားကိုတစ်ချက်စူးစမ်းလိုက်သည်။
"အခန်းထဲ ပြန်ရောက်နေပြီပဲ"
အသိစိတ်သည်သတိရခါစမို့ ဝေဝေဝါးဝါးမရှိ သတိကြီးသူမို့ သူရေနစ်ခဲ့မှန်းတန်းသိပါသည်။
"ဟုတ်ပါတယ် တစ်နေရာရာက အဆင်မပြေဖြစ်သေးလား"
"ကျွန်တော် အဆင်ပြေပါတယ် အတွင်းရေးမှူး ပြီးတော့ ကျေးဇူးတင်ပါတယ် "
အတွင်းရေးမှူး ကနုနုညံ့ညံ့ပြုံးပြလာကာ ကြားနေကျစကားတစ်ခွန်းကိုထုံးစံအတိုင်း ဆိုလာပါသည်။
"သခင်လေးကို ကျေးဇူးတင်ရမှာပါ"
"သူက"
"အစ်ကိုလေး ကိုရေထဲဆင်းကယ်ပေးခဲ့တာပါ"
ဂျီမင်းမျက်ခုံးတန်းလေးတွေပင့်တက်သွားရတဲ့ အထိအံသြသွားရသည်။
"တွေ့တဲ့အချိန် ကျွန်တော်သေချာလေးကျေးဇူးတင်စကားပြောလိုက်ပါ့မယ်"
သူလုပ်နိုင်တာ ကျေးဇူးစကားနှင့်ကော်ဖီတစ်ခွက်အပြင်မရှိ ဘူးဟု ဂျီမင်းတွေးမိသောကြောင့်ပင်
"နှလုံးသားအတွက်ရော"
"ဗျာ"
"သခင်လေးရဲ့ နှလုံးသားအတွက်အဖိုးအခ"
"ဟား...ဟား...ဟား အတွင်းရေးမှူးကြီးက နောက်နေပြန်ပါပြီ ဂျွန်ဂျောင်ကု က နှလုံးသားမှမရှိတာ"
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...