Part 1
"ဟဲ့!!! အကြင်နာမောင် မထသေးဘူးလား၊နေဖင်ထိုးတော့မယ်လေ .. ပိတ်ရက်ကိုအိမ်အလုပ်လေးဘာလေးကိုကူမယ်ဆိုတာမရှိဘူး။မနှိုးမချင်းကိုမထဘူး ဟယ်!!"
အကြင်နာ အိပ်ရာထဲလူးလိမ့်ရင်းမေမေဆူပူ
နေသမျှကိုခေါင်းအုံးကြီးအောက်ခေါင်းဝှက်ကာမသိချင်ယောင်ဆောင်နေလိုက်သည်။ပိတ်ရက်လေးပဲအိပ်ရတာကိုအေးဆေးမအိပ်ရလို့အကြင်နာစိတ်တိုလာသည်။တစ်ပတ်လုံး အလုပ်မှာပင်ပန်းပြီးပြီ နားရက်လေးအိပ်ရသည်ကိုမေမေကဘာတွေအလိုမကျသလဲဆိုမသိတော့ဘူး။"မထနဲ့သေဟေ့!! သေ!မိဘကိုကူညီမယ်ဆိုတာမရှိဘူး။သူ့လစာတစ်ပဲခြောက်ပြားလေးပေးပြီးတာနဲ့သားသမီးဝတ္တရားကျေပြီထင်နေတာလားမသိဘူး။ဒီဟာမကြီးကသူတို့ပေးတာသုံးနေရတော့ဘယ်သူမှစကားနားမထောင်ချင်ကြဘူး"
အခြေနေကမထရင်မဖြစ်တော့သည့်စကား လုံးတွေထိရောက်လာပြီ။ဆက်အိပ်နေလို့မဖြစ်တော့တာမို့အကြင်နာအိပ်ယာထဲကထွက်လာခဲ့သည်။မဆီမဆိုင်စကားတွေမေမေ့ပါး စပ်ကထွက်လာတော့မှာသိနေသည်။
"ပိတ်ရက်လေးအေးအေးဆေးဆေးအိပ်ပါရစေလားမေမေရယ်။အခုမှ၈နာရီတောင်မထိုးသေးဘူး။ဘာလို့ဆူညံနေတာလဲ။တစ်အိမ်လုံးမှာသားကိုပဲနှိုးပြီးခိုင်းစရာရှိတာလား"
"ဟဲ့! အိမ်မှာနင်ကအငယ်ဆုံးပဲလေ။နင့်အစ်ကိုတွေကနင့်လိုအရိပ်အောက်မှာအလုပ်လုပ်ရတာမဟုတ်ဘူး ပင်ပင်ပန်းပန်းလုပ်စားရတာ နင်ကပညာတတ်တော့နေပူမခံရဘူး။နင့်အစ်ကိုတွေက....
"တော်ပါတော့မေမေရယ် .. သားအလုပ်နားတိုင်းမေမေပြသာနာရှာနေတာမပြီးတော့ဘူးလား။အခုမေမေဘာခိုင်းချင်တာလဲ"
"ဈေးသွားပေး... ကြက်သား၃ထောင်ဖိုးဝယ်လာခဲ့။တို့စရာ၃ရာဖိုးငပိရည်ကျို၂ရာဖိုး၊ပြီးရင်ဈေးထိပ်ကငါစားနေကြဆိုင်ကနေမုန့် ဟင်းခါးတစ်ပွဲဝယ်ခဲ့ ငရုပ်သီးများများထည့်ခိုင်းနော်။နင်စားချင်တာပါဝယ်ခဲ့"
မေမေပေးတဲ့၅ထောင်တစ်ရွက်ကိုယူကာဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်သည်။
မျက်နှာသစ်ပြီးတာနဲ့ရေတောင်မသုတ်တော့ပဲ အကြင်နာ ဈေးကိုထွက်လာခဲ့သည်။နေ့ ခင်းမှပဲထပ်အိပ်တော့မယ်။ခိုင်းတာမလုပ်ပေးရင်သည်နေ့ဖို့ အကြင်နာ ကောင်းကောင်းနေရမှာမဟုတ်ဘူး။ပိတ်ရက်တွေကိုအပြင်သာသွားလိုက်ချင်တယ်။ဒါပေမဲ့လည်းအကြင်နာ ကသူများတွေကိုအပြင်လျှောက်လည်ရတာမကြိုက်ပေ။လူများတဲ့ဒဏ်လည်းမခံနိုင်သလိုနေပူဒဏ်လည်းမခံနိုင်တာပင်။
YOU ARE READING
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22