27

29.1K 1.7K 47
                                    

Part 27

ဒွီ~~~~ဒွီ

ရေချိုးခန်းကထွက်လာသည်နှင့်ကြားလိုက်ရသည့်ဖုန်းသံကြောင့်အကြင်နာ ဖုန်းရှိရာသို့လာလိုက်သည်။ contact name က်ိုကြည့်တော့ သျှင်မင်းဖြစ်နေသည်။ဟုတ်သားပဲ။အကြင်နာ ဖုန်းပြန်ခေါ်မယ်ဆိုပြီးအခုချိန်ထိသျှင်မင်းဆီဖုန်းပြန်မဆက်ရသေး။

"ဆောရီးပါ သျှင်မင်းရယ် အကြင်နာဖုန်းပြန်ခေါ်ဖို့မေ့နေလို့"

"ရတယ် ကိစ္စမရှိဘူး။အခုအကြင်နာ ရန်ကုန်ကိုရောက်ပြီလား။ကိုယ်အခုလာတွေ့ချင်ပေမဲ့အဆင်မပြေဘူးမလား။မနက်ဖြန်အလုပ်တက်မှာလား"

မေးခွန်းတောက်လျှောက်မေးနေသည့်
သျှင်မင်းကြောင့်အကြင်နာပြုံးမိသည်။စိတ်ပူနေတာပင်။

"အကြင်နာ အဆင်ပြေပြေရှိနေတာမို့စိတ်မပူပါနဲ့နော်။နောက်ပြီး အကြင်နာ,အလုပ်ကထွက်လိုက်ပြီ။နောက်အလုပ်တစ်ခုလုပ်ဖြစ်မှာ"

"ဟင်! ဘယ်အလုပ်လဲ ကိုနေ့ companyကဘာလို့ထွက်လိုက်တာလဲ"

"ပြောပြမှာပါ။ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး။အကြင်နာတို့အပြင်မှာဆုံမှအကြောင်းစုံရှင်းပြမယ်လေ"

"ကိုယ်...

"အကြင်နာအခုပြောပြဖို့အဆင်‌မပြေသေးလို့ပါ။အကြင်နာ့သူငယ်ချင်းဖြစ်တဲ့သျှင်မင်းကိုအကုန်ပြောပြမှာမို့အချိန်ခဏတော့ပေးပါနော်။နောက်မှ အကြင်နာဖုန်းပြန်ခေါ်မယ်လေ"

"အင်းပါ ကိုယ်ဖုန်းကိုမျှော်နေမယ်"

Call ended ဖြစ်သည်ထိမေးနေတာကိုအကြင်နာဖြေမသွားပါ။သို့ပေမဲ့ သူသိပြီးသားကိစ္စပေ။စနေဦးခိုက်ဆီအကြင်နာရောက်နေပြီ။ကိုနေ စနေဦးခိုက်ကိုပြောပြလိုက်ပြီဆိုရင်ဖြင့်စနေဦးခိုက်ကသည်အတိုင်းကြည့်နေမည်တဲ့လား။အကြင်နာ့ကိစ္စကိုဖြေရှင်းဖို့ဆိုတာကထိုသူ့အတွက်ကဖုန်မှုန့်ခါသလောက်ပင်။

အကြင်နာ ထိုသူ့ဆီကအကူညီကိုသာယူလိုက်ပြီဆိုရင်ဘာများတတ်နိုင်တော့မှာလဲ။အကြင်နာ့ကိုသူ့လိုခြေချုပ်မမိစေချင်တာလေးပင်။ကျန်တာတွေသူဘာမှမမျှော်လင့်ပါဘူး။

Love is born, because of you(Complete)Where stories live. Discover now