Final 💜

48.2K 1.6K 102
                                    

Final

စိမ်းစိုနေသည့်မြက်ခင်းပြင်ကြီးကမျက်စိ
တစ်ဆုံးကိုကြည့်၍ပင်မဝနိုင်အောင်လှပလွန်းသည်။ကြည်လင်ပြီးသာယာတဲ့ရာသီ ဥတုနှင့်အပြိုင်လှပတဲ့ကောင်ကင်ကြီးကလည်းပန်းချီကားတစ်ချပ်လိုပင်။ပျံသန်းသွားလာနေသောငှက်ကလေးတွေကလည်း ကောင်းကင်ပြင်ကြီး၏အလှကိုထပ်ဆင့်အလှတိုးအောင်ဖန်တီးပေးနေသလိုပင်။
မြက်ခင်းပြင်ပေါ်တွင်အခင်းပါးပါးလေးတစ်ခုကိုခင်းထားရင်းထိုပေါ်တွင်လှဲလျောင်းနေသည့်လူနှစ်ယောက်။

မျက်လုံးလေးမှိတ်ပြီးရင်ခွင်ထဲတိုးဝင်နေသည့်ကောင်ငယ်လေးကိုချစ်မဝနိုင်သည့်အကြည့်နှင့်ကြည့်နေသူတစ်ယောက်လည်းရှိနေသည်။နဖူးလေးထက်အနမ်းဖွဖွလေးပေးရင်းထိုသူကပြုံးလိုက်လေသည်။

"ပါးလေးကိုလည်းနမ်းပါဦး "

စေခိုင်းမှု့အဆုံးပါးပြင်ပေါ်သို့ထပ်ပြီးကျရောက်လာသည့်အနမ်းနွေးနွေးလေး။ကောင်ငယ်လေးကတခစ်ခစ်နှင့်သဘောကျစွာရယ် မောကာမျက်လုံးများပွင့်လာခဲ့သည်။

"ဘာလို့ နှုတ်ခမ်းကျ .. အွန်း"

နှာခေါင်းလေးရှုပ်ကာထပ်ပြီးပြောလာသည့်စကားမဆုံးခင်မှာပင်နှုတ်ခမ်းတစ်ခုလုံးကဆွဲယူနမ်းရှိုက်ခြင်းခံလိုက်ရလေသည် ။နွေးထွေးပြီးချိုမြတဲ့အနမ်းလေးတွေကထိုနေရာထိုဒေသမှာခံယူရသည်မို့အရမ်းလှပလွန်းသည်။အေးချမ်းတိတ်ဆိတ်ပြီးလှပတဲ့နေရာလေးကချစ်သူနှစ်ဦးအတွက်သုခဘုံလေးလိုပင်။

"ချစ်တယ် မောင့်ကလေးရယ်"

"အကြင်နာလည်း အရမ်းအရမ်းချစ်တယ်
ကိုစနေဦးခိုက် ခစ် ခစ်"

နာမည်အပြည့်အစုံအခေါ်ခံလိုက်ရသူကမကျေနပ်စွာမျက်နှာပုပ်သိုးသွားလေတော့အကြင်နာမောင်ဆီကရယ်သံလွင့်လွင့်ထွက်လာလေသည်။စိတ်ဆိုးသွားသူရဲ့ပါးပြင်လေးကိုတဖွဖွနမ်းရှိုက်ရင်းသူ့မှာချော့နေသေးသည်။

"ဟင်! မေမေပေးထားတဲ့ပဝါလေးလွင့်သွားပြီ"

ခရမ်းရောင်ပဝါပါးပါးလေးကဒေါ်သီရိထိုက် ပထမဆုံးအကြင်နာ့ကိုပေးထားသည့်လက် ဆောင်လေးဖြစ်သည်။အကြင်နာမောင်အရမ်းသဘောကျရသည့်ပစ္စည်းလေးလည်းဖြစ်သည်။အဝေးသို့လွင့်သွားသည့်ပဝါလေးကိုစိုးရိမ်စိတ်နဲ့လိုက်ကြည့်နေသူကြောင့်
စနေဦးခိုက် သွားယူရန်ထလိုက်လေသည်။

Love is born, because of you(Complete)Where stories live. Discover now