21

31.4K 1.9K 111
                                    

Part 21

သျှင်မင်း စတီယာတိုင်ကိုကျစ်နေအောင်ကိုင်ထားရင်း"တောက်စ်"ခေါက်လိုက်သည်။overtimeဆင်းရပါတယ်ဆိုတဲ့သူကဘာလို့ရုံးခန်းမှာမရှိနေရတာလဲ။မနေ့ကovertime ဆင်းရတဲ့သူတွေထဲမှာအကြင်နာတို့အုပ်စုကတစ်ယောက်မှမပါဘူးတဲ့။ဒါဆိုညကအကြင်နာ ဘယ်သူနဲ့ရှိနေတာလဲကွာ။

အကြင်နာကသူနဲ့သက်ဆိုင်သူမဟုတ်တာသိနေပေမဲ့ သျှင်မင်း စိတ်တွေကိုဆောက်တည် ရာမရဖြစ်နေသည်။ဆံပင်ထဲလက်တွေကိုထိုးသွင်းကာမျက်စိတွေကိုစုံမှိတ်ထားလိုက်သည်။မလာခဲ့ရင်ကောင်းသား။

ကားမီးရောင်ဖျဖျနဲ့အတူမျက်စိရှေ့မှာပါကင်လာထိုးတဲ့ခဲပြာရောင်ကားကို သျှင်မင်းအကြည့်ရောက်သွားချိန်မှာတော့မျက်လုံးတွေကရဲတောက်သွားသည်။ဒါဘယ်သူ့ကားဆိုတာသူကောင်းကောင်းသိသည်။ဘာလဲအကြင်နာကစနေဦးခိုက်နဲ့အတူရှိခဲ့တာလား။မျက်နှာခြင်းဆိုင်ကားပေါ်မှလူနှစ်ယောက်ရဲ့ပြုံးရွှင်နေတဲ့မျက်နှာတွေကသျှင်မင်း စိတ်တွေကိုမွန်းကြပ်စေသည်။

"မောင် အပေါ်လိုက်ပို့ပေးမယ်"

အကြင်နာ သူ့ကိုစိတ်ညစ်စွာကြည့်လိုက်သည်။လာပြန်ပြီ "မောင်"။အကြင်နာ သူ့ဆီကနေထိုသို့ကြားလိုက်ရင်..မလိမ်ဘူးတကယ်ကြက်သီးတွေထလာတာဖြစ်၏။

""အကြင်နာ့အသက်က22 ခင်များအသက်ကဘယ်လောက်လဲ ကိုစနေဦးခိုက်"

"ဘာလဲ right personဟုတ်မဟုတ်ဗေဒင်မေးမလို့လား။မေးမနေနဲ့မောင်ကသာကလေးရဲ့နှစ်ယောက်မရှိတဲ့ဖူးစာရှင်"

*ရူးချင်တော့တာပဲ*

"မဖြေရင်လည်းနေ သွားတော့မယ်ဗျာ"

"စိတ်ကလည်းကြီးလိုက်တာမောင့်ကလေးရယ် မောင့်အသက်က28"

"အကြင်နာ့ထက်6နှစ်ကြီးများတောင်ကြီးတာဘာ"မောင်"လဲ။အရမ်းကိုမှ "မောင်"အခေါ်ခံချင်နေရင်ခင်များထက်အသက်ကြီးတဲ့သူသွားကြိုက်ပါ့လား။တစ်လက်စာထဲအကြင်နာ့ကိုလည်းလာမနှောင့်ယှက်နဲ့တော့လေ။
မကောင်းဘူးလား"

"မကောင်းပါဘူး အသက်ကြီးလဲခေါ်လို့ရတာပဲကွာ။ခေါ်လိုက်စမ်းပါ ဒီနှုတ်ခမ်းရဲရဲလေးတွေနဲ့ "မောင်"လို့"

Love is born, because of you(Complete)Where stories live. Discover now