Part 12
"မင်းနှုတ်ခမ်းလေးတွေကိုမြည်းကြည့်ရ အောင်"
စနေဦးခိုက်,အကြင်နာ့ကိုခါးမှဆွဲပွေ့ပြီးသူနဲ့အနီးစပ်ဆုံးထိတိုးကပ်အောင်လုပ်လိုက်သည် ။ထိုနောက်မြည်းစမ်းရန်တွေးထားသည့်နှုတ် ခမ်းဖျားလေးကိုအရင်ဆုံးစုတ်ယူလိုက်သည် ။တကယ့်ကိုအသာယာလေးပင်။နူးညံ့တဲ့နှုတ်ခမ်းသားလေးတွေကြောင့်စနေဦးခိုက်စိတ်အလိုရပြုံးလိုက်မိသည်။ဒီနှုတ်ခမ်းတစ် စုံကသူ့ကိုစိတ်ကျေနပ်စေသည်။အပေါ်ယံနမ်းရှိုက်မှု့ကနေအားလေးအနည်းငယ်သုံးပြီးခပ်ပြင်းပြင်းလေးစုပ်ယူလိုက်သည်။
"အင့်!
အားအနည်းငယ်သုံးမိလိုက်တော့ချာတိတ်ဆီမှအသံယဲ့ယဲ့လေးထွက်လာသည်။မျက်လုံးလေးတွေကတော့ပွင့်မလာသေး။အနမ်း
တွေကိုခဏဖယ်ခွာပြီးချာတိတ်ရဲ့မျက်နှာလေးကိုလက်နဲ့ထိန်းကိုင်ရင်းကြည့်လိုက်သည်။အခုချာတိတ်ရဲ့နှုတ်ခမ်းတွေကိုသူရစ်မူးနေတာလား။သူ့ကနေညွန့်လိုဂေးမဟုတ်ဘူး။သူ့အနားလာကပ်တဲ့ကောင်လေးတွေရှိပေမဲ့သူမညှာမတာငြင်းထုတ်ခဲ့တာတွေပဲ။နေညွန့်က သူ့ကိုယ်သူဘာဆိုတာသိပြီး Come out လုပ်ထားသည်။နေညွန့်ရဲ့အမေကသဘောမကျပေမဲ့သူ့သားကိုအရမ်းကြီးတော့မချုပ်ကိုင်ဘူး။အခုလက်ရှိလည်းနေညွန့်မှာသျှင်မင်းရှိသည်။လူမသိပေမဲ့ပေါ့။သူတစ်ခါတစ်လေနေညွန့်နဲ့ဂေးဘားကိုလိုက်သွားပေး တတ်၏ ထိုအချိန်ကပိုက်ဆံချူချင်တဲ့ကောင်လေးတွေသူ့အနားကပ်ကြသည်။ငွေပေးရင်ကုတင်ပေါ်တင်လို့ရပေမဲ့သူစိတ်မပါခဲ့ဘူး။ကျစ်!!!သူ့ရဲ့လိင်စိတ်တိမ်းညွန့်မူ့ကမျိုးမတူတဲ့မိန်းမတွေပဲဆိုတာသေချာသည်။ဒါဆိုအခုကဘာလဲ။ချာတိတ်အပေါ်ထိတွေ့ချင်နေတဲ့သူ့စိတ်တွေကဘာလဲ။"အကြင်နာမောင် မင်းကဘာလေးလဲ။ကိုယ်ကဘာလို့မင်းကိုဂရုစိုက်ပြီးဒီနှုတ်ခမ်းတွေကိုသဘောကျမိတာလဲ။မင်းကစိတ်ရှုပ်ဖို့တကယ်ကောင်းတယ်ကွာ"
သူကသာတစ်တွတ်တွတ်ပြောနေပေမဲ့ချာတိတ်ကငြိမ်သက်နေသည်။မျက်ခုံးတမ်းလေးတွေကမထူမပါးနှင့်ပုံဖော်ထားသယောင်။သူသတိထားမိသလောက်ဆို
ချာတိတ်ရဲ့ညာဘက်မှာရယ်လိုက်ရင်ပေါ်လာတဲ့သွားထက်လေးရှိသည်။မျက်ဝန်းတောက် တောက်လေးတွေနဲ့ချာတိတ်ကအဖြူထည်လေးဆိုတာလည်းသူသိသည်။ရိုးရိုးရှင်းရှင်းသာဝတ်စားတတ်တဲ့ချာတိတ်ကသူ့ဘေးကအလှပဂေးလေးတွေလောက်တောင်ပြင်ဆင်မှု့မရှိပေမဲ့တွေ့လိုက်တိုင်းသူ့ရှိကအရေးပေးမှု့၊သတိထားမှု့တွေကိုရနေတာမျိုးလည်းဖြစ်၏
။အခုလည်းသူ့ကိုမထိတထိလာလုပ်နေတာကိုဘယ်မျိုးတူကိုမှစိတ်မဝင်သားဖူးတဲ့သူကချာတိတ်ရဲ့အစိတ်ပိုင်းတစ်ခုစီကိုသူထိတွေ့နေမိသည်။
![](https://img.wattpad.com/cover/325072634-288-k703359.jpg)
YOU ARE READING
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22