Part 36
စနေဦးခိုက် အလုပ်ပြီးပြီးချင်းပင်သူ့ကိုစောင့် မျှော်နေသူလေးထံသို့အပြေးလေးပြန်လာခဲ့သည်။ကလေးတစ်ယောက်ထဲပျင်းနေတော့မှာသူသိသည်။အန်တီမေကဘန်ကောက်မှာဆေးသွားကုပြီမို့အိမ်မှာကလေးကိုထားခဲ့ဖို့စိတ်မချနိုင်လို့အလုပ်ကိုခေါ်လာခဲ့တာဖြစ် သည်။
အလုပ်ခန်းထဲဝင်ဝင်ချင်းမြင်လိုက်ရသည့်ကျောပြင်ငယ်လေး။မှန်ပြတင်းပေါက်ကနေပြီးအပြင်လောကကြီးကိုကြည့်ပြီးသဘော ကျနေပြန်ပြီထင်၏။
company တစ်ခုလုံးမှာကိုကို့ရုံးခန်းကိုသ ဘောအကျဆုံး"ဆိုသည့်စကားသံလေးကိုသူသတိရမိသွားသည်။
ခါးထက်ရစ်ပတ်လာသည့်လက်တွေကြောင့်အကြင်နာပြုံးလိုက်မိ၏။သဘောကျရသည့်အမျိုးသား၏ရင်ခွင်ကနွေးထွေးလွန်း၏။
"ကိုကိုပြန်လာပြီ"
"ဘာတွေသဘောကျနေလို့ကိုကိုဝင်လာတာတောင်မသိရတာလဲ။ကိုကို့ထက်စိတ်ဝင်စားစရာရှိနေတာမကြိုက်ပါဘူးကွာ"
စနေဦးခိုက်စကားကြောင့်အကြင်နာနှစ်နှစ်ချိုက်ချိုက်ကိုပြုံးလိုက်မိသည်။စနေ့ဘက်သို့လှည့်လာရင်းရင်ခွင်ထဲခေါင်းလေးတိုးဝင်ကာစနေ့ကိုလည်းဖက်ထားလျက်
"အကြင်နာတို့အခန်းလေးကိုလည်းဒါမျိုးမှန် ပြတင်းပေါက်ကြီးတပ်ပေးပါလား။အခုလိုလေးကြည့်ရတာအရမ်းသဘောကျတယ်။ကောင်းကင်ကိုထင်းထင်းကြီးမြင်နေရတာအကြင်နာသဘောကျလို့"
မျက်နှာလေးမော့လာခိုက်အကြင်နာ့၏နဖူးပြင်လေးကိုစနေဦးခိုက်အနမ်းဖွဖွလေးပေးလေသည်။ပါးပြင်လေးကိုသူရဲ့လက်ချောင်းများဖြင့်ပွတ်သပ်ရင်း
"ဖြစ်စေရမယ်ဗျာ ဘာထပ်လိုချင်သေးလဲ"
"ဒါပေမဲ့ကိုကိုရုံးခန်းကပိုပြီးကြည့်ကောင်းတာ။ဒီနေရာလေးလောက်သဘောကျမယ်မထင်ဘူး တော်ပြီမလုပ်တော့ဘူး"
"ဟော! ဖြစ်ရပြန်ပြီ။ရင်ခွင်ထဲပဲဝင်ပြီးချွဲမနေနဲ့ကိုကို့ကိုလည်းနမ်းပါဦး"
စနေဦးခိုက်ကပါးလေးဖောင်းပြတော့အလိုက်တသိပါးပြင်ပေါ်ရောက်လာသည့်နှုတ်ခမ်းဆူဆူလေး။မမှီ့တမှီခြေဖျားထောက်ကာနဖူးကိုရအောင်နမ်းနေသေး၏။အခုတစ်လော, ကလေးရဲ့ပြောင်းလဲလာသည့်အပြုမှုလေးတစ်ခုကသူ့နဖူးကိုအနမ်းပေးတာဖြစ်သည်။
VOUS LISEZ
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22