10

33.5K 2K 30
                                    

Part 10

"ဖြစ်ပါ့မလား ဖူးငုံ‌ရာ အိမ်ပြန်နောက်ကျရင်တီတီဆူမှာနော်"

"ငါ့နာမည်ကဘာလဲ။မပိုင်ရင်ခြင်တောင်မရိုက်ဘူး။ရိုက်ပြီဆိုလည်းမပျံတဲ့ခြင်မှရွေးရိုက်တာ"

"ဒီအရူးမနဲ့တော့"

အလုပ်ဆင်းခါနီးအကြင်နာတို့စစ်ဖြစ်နေတာပင်။ Marketing ဌာနကအသိတစ်ယောက်ရဲ့မွေးနေ့ကိုသွားဖို့တိုင်ပင်နေတာဖြစ်သည်။ရိုးရိုးတန်းတန်းနေရာဆိုမပြောလိုပေမဲ့အခုက Club သွားမှာမို့အကြင်နာမသွားချင်ပါ။အဲ့လိုလူရှုပ်တဲ့နေရာတွေဆိုအကြင်နာမသွားချင်ဘူး။ပြီးတော့ညလည်းမိုးချုပ်မှာမို့ပိုလို့တောင်မသွားချင်ပါ။မိန်းခလေးဖြစ်ပြီးကိုယ့်ထက်ဆိုးနေတဲ့ဖူးငုံမေကိုမသွားချင်လို့ညှိနေပေမဲ့မရတဲ့အပြင်မျက်နှာကပြောင်နေတာပင်။

"မလိုက်လို့မရဘူးလား။ငါလူရှုပ်တာမကြိုက်တာသိရဲ့နဲ့"

"ဟာ! မရပါဘူး။နင်မပါရင်ငါ့ကိုတီတီကပေးသွားမှာမဟုတ်ဘူး။ရွှေရည်ဆိုတာလည်းငါတို့နဲ့သိနေတဲ့သူလေ။မရဘူးနော်။မလိုက်ရင်စိတ်ဆိုးမှာ။အဲ့နေရာကတော်ရုံမသွားနိုင်ဘူး။အခုတောင်ရွှေရည့်ဘဲကစပွန်ဆာပေးတာမို့။လိုက်ခဲ့ပါနော်။ဒီတစ်ခါတည်းပါနော်...
နော်လို့....ကိုကိုအကြင်မောင်"

"မိုးအရမ်းချုပ်မှာပေါ့။နင်ဟာလေတကယ်ပြောမရဆိုမရသိလား"

"သိတယ် သိတယ်!! ငါကလူငယ်သဘာဝအတိုင်းသာမန်ပဲ။နင်သာအဖိုးအိုပေါက်စဖြစ်နေတာ။တကယ်ပါပဲ ပြောရတာအာပေါက်တယ်။သွားချင်လို့ပါဆိုတာကို"

"တီတီဆူမှာဆိုးလို့ပါဟာ။နင်ကတူမအရင်းမို့ကိစ္စမရှိပေမဲ့ ငါကမတူဘူးလေ"

"အပိုတွေပြောမနေနဲ့။ငါပြောလို့ရရင်နင်လိုက်ပေးရမယ်။ငါတစ်ယောက်ထဲမဟုတ်တော့တီတီကလွှတ်မှာပါ။သွားချင်လို့ပါနော်။
လိုက်ပေးပါကွာနော်... အကြင်နာလေးရယ်"

နှုတ်ခမ်းကိုတမင်ဆူထွက်ပြီးအကြင်နာ့လက်မောင်းကိုခိုပြီးလာချွဲနေတဲ့ပက်ကျိမကိုမျက်စောင်းနဲ့သာကြည့်လိုက်သည်။ဖူးငုံကအပျော်အရမ်းမက်တာ။သူလည်းပျော်ပျော်နေတတ်ပေမဲ့လူများတဲ့နေရာတွေကိုတော့တကယ်မကြိုက်တာ။ဖူးငုံနဲ့အကြင်နာကဒါကျတော့ပြဒါးတစ်လမ်းသံတစ်လမ်း။မတတ်နိုင်ဘူးလေအကြင်နာမလိုက်ရင်တကယ်စိတ်ဆိုးမဲ့ပုံမို့ခေါင်းသာငြိမ့်ပြလိုက်ရသည်။တီတီ့ကိုဘယ်လိုဇာတ်လမ်းဆင်ပြီးထွက်မလဲကြည့်ရသေးတာပေါ့ ဟွန့်။

Love is born, because of you(Complete)حيث تعيش القصص. اكتشف الآن