Part 16
မနေ့ညကကိစ္စကြီးကြောင့်အကြင်နာအလုပ်သွားဖို့ပါတော်တော်တွန့်ဆုတ်မိသည်။ကိုကိုလင်းလည်းရောက်နေလက်စနဲ့မို့အလုပ်ကိုခွင့်တစ်ရက်ယူလိုက်သည်။မနေ့ညကပြန်လာတာလည်းအချိန်ကအနည်းငယ်လင့်နေသည်မို့ကိုကိုလင်းနဲ့လည်းစကားသေချာမပြောဖြစ်ဘူး။ကိုယ့်ဘာသာကြောက်စိတ်ဝင်နေသည်မို့ကိုကိုလင်းမရိပ်မိအောင်လည်းအကြင်နာသတိထားနေရသေးသည်။
နေ့လည်လောက်ကိုကိုလင်းပြန်မှာဖြစ်သည်မို့အကြင်နာတို့ညီကိုနှစ်ယောက်အနီးအနားလျှောက်လည်ကြသည်။ကိုကိုလင်းကစော်ဘွားကြီးကုန်းကနေပဲခူးပြန်မည့်ကားစီးမှာမို့အဲ့နားကပန်းခြံလေးထဲကမြက်ခင်းပြင်မှာအကြင်နာတို့ဒံပေါက်ဝယ်ပြီးနေ့လည်စားကိုစားဖြစ်ကြသည်။
"ငယ်ငယ် ဝရဲ့လား ရော့ ကိုကိုလင်းဆီကကြက်ပေါင်လေးယူဦး"
ကိုကိုလင်းကစားနေရင်းဒံပေါက်ထဲကကြက်ပေါင်လေးကိုပိုင်းရင်းအကြင်နာ့ကိုပေးသည်။ဘယ်တော့မဆိုအကြင်နာ့ပေါ်ကိုဆိုရင်အနွေးထွေးဆုံးကကိုကိုလင်းပဲဖြစ် သည်။အကြင်နာကြိုက်တတ်တာတွေကိုလည်းအသိဆုံးကလည်းကိုကိုလင်းပဲ။မေမေကအိမ်ပွဲစားမို့အကြင်နာငယ်ငယ်ထဲကအိမ်ကပ်တာနည်းသည်။အကြင်နာကိုထိန်း ကျောင်းပေးလာတာကိုကိုလင်းမို့အကြင်နာအတွက်ကိုကိုလင်းကအဖေလိုအစ်လိုမျိုးဖြစ်သည်။
ငယ်ငယ်ကမေမေအလုပ်ရှုပ်လို့မေမေ့အနားမှာအကြင်နာကအနေနည်းခဲ့သည်။အသက် ကြီးလာတော့ကျောင်းကိုမမကြီးကထားပေး သည်မို့မမကြီးအိမ်မှာနေခဲ့ရသည်။မှတ်မိသလောက်ဆိုအကြင်နာ ၆တန်းလောက်ထဲကမမကြီးအိမ်မှာနေခဲ့တာဖြစ်သည်။မမကြီးမိသားစုရဲ့စီးပွားရေးကိုဝိုင်းကူရင်းအကြင်နာဆယ်တန်းအောင်ခဲ့သည်။တက္ကသိုလ်ကိုတော့အိမ်ကပဲဆက်တက်ခဲ့သည်။အကြင်နာတက္ကသိုလ်စတက်တော့ကိုကိုလင်းကဈေး ရောင်းနေပြီမို့သူပဲကျောင်းထားပေးတော့မယ်ဆိုပြီးအကြင်နာ့ကိုပြန်ခေါ်တာဖြစ် သည်။
မမကြီးအိမ်မှာနေတာငွေကြေးစိတ်မပူရပေမဲ့မမကြီးအမျိုးသားကစိတ်မမှန်ပေ။သူကြည် ဖြူတဲ့ချိန်ဘာမှမဟုတ်ပေမဲ့မမကြီးနဲ့ရန်ဖြစ်တဲ့ချိန်ဆိုရင်"နင့်အမျိုးတွေကခိုကပ်စရာငါတို့ပဲရှိလား"ဆိုသည့်စကားကအကြင်နာအတွက်တော့အဆင်မပြေခဲ့ဘူး။
YOU ARE READING
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22