Part 28
အေးချမ်းစွာအိပ်ပျော်နေသည့်ကောင်လေးကိုမျက်တောင်မခတ်တမ်းထိုင်ကြည့်နေသူကနေညွန့်ထိုက်ဖြစ်သည်။စကားများပြီးနောက်ရက်ပဲ သူကအလုပ်ကိစ္စနှင့် Singaporeသွားရသည်။တစ်ပတ်လောက်ဒီကောင်လေးနဲ့သူဝေးနေခဲ့ရသည်။ကိုယ့်ဘက်ကအဆက် အသွယ်မလုပ်တာကိုပင်ပျော်နေသည်ထင် ၏ယောင်ရမ်းပြီးတောင်ကိုယ့်ဆီကိုဖုန်းမခေါ်ပေ။
သျှင်မင်းဘက်ကသူ့ကိုဘယ်သောအခါကမှအရင်အဆက်သွယ်လုပ်တာမျိုးမရှိခဲ့ပေ။
ဒီကောင်လေးလိုအပ်သမျှကိုသူ့ပါးစပ်ကတောင်းဆိုစရာမလိုအောင်များဖြည့်ဆည်းပေးနေမိခဲ့တာမို့လို့လား...တစ်ခါလေးတောင်မှနေညွန့်ထိုက်ဆီသို့သူ့ခြေထောက်၊သူ့စိတ်ဆန္ဒနဲ့သျှင်မင်းတစ်ခါမျှမလာခဲ့ဖူးပေ။သော်တာမင်းဆီကနေသျှင်မင်းရဲ့နေ့တစ်ဒူဝကိစ္စတွေကိုနေညွန့်သိရသည်။သော်တာမင်းကိုအစီရင်ခံခိုင်းတာဆိုရင်ပိုမှန်မည်။သူမရှိတဲ့အချိန်ဘာတွေလုပ်နေမလဲသိချင်သည်။အကြင်နာနဲ့ကိစ္စကသူသောင်းကျန်းထားလို့လား၊စနေ့ရဲ့လက်ချက်ကြောင့်လားမသိပေမဲ့ သော်တာမင်းပြောသည့်ထဲအကြင်နာဆိုသည့်နာမည်မပါပေ။
ကိုယ်တိုင်ကအဆက်သွယ်ဖြတ်ထားပေမဲ့ကိုယ့်ဆီဘယ်လိုဆက်သွယ်မှု့မျိုးကိုမှမလုပ်တဲ့ထိုကောင်လေးကိုတော့နေညွန့်စိတ်တိုင်းတကယ်မကျတာဖြစ်သည်။သော်တာမင်းပြောသည့်သျှင်မင်းဝိတ်မထိန်းဘူးဆိုတာတော့ နေညွန့် လက်ခံပေသည်။အခုတစ်လောဘာမှမရှောင်ပဲတွေ့သမျှအကုန်စားနေသည်တဲ့လေ။သျှင်မင်းရဲ့မန်နေဂျာဖြစ်သူသော်တာမင်းကသူ့မင်းသားဝိတ်တက်လာမှာကိုကမ္ဘာပျက်မယောင်စိုးရိမ်နေသည်။
ပါးပြည့်ပြည့်လေးတွေကရှည်သွယ်သည့်
သျှင်မင်း မျက်နှာလေးကိုငါးပူးတင်းလေးလိုဖြစ်စေတော့မည်။လက်ဖမိုးလေးတွေကလည်းဖောင်းဖောင်းပြည့်ပြည့်လေးဖြစ်နေပြီ။တကယ်အသဲယားစရာကောင်းသည်။စားသမျှဝိတ်တက်တတ်တဲ့bodyကိုငြီးငြူတတ်သူကတစ်ခုခုများကြံနေတာများလား။နေညွန့် ခပ်ဟဟရယ်လိုက်ရင်းသဘောကျမိသွားသည်။*အစားတွေအများကြီးကျွေးပြီးဒီထက်ချစ်စရာကောင်းအောင်ကိုယ်ဖန်တီးသင့်
လား သျှင်မင်း*
![](https://img.wattpad.com/cover/325072634-288-k703359.jpg)
YOU ARE READING
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22