30

33.3K 1.7K 76
                                    

Part 30

"မိပုံ!! လာဦး"

"ရှင် ကိုကြီးစနေ"

မီးဖိုချောင်မှာအလုပ်ရှုပ်နေသည့်မိပုံတစ်ယောက်,စနေ့အသံကြားသည်နှင့်အမြန်ကိုပြေးထွက်လာလေသည်။အသံထက်လူကအရင်စနေ့ရှေ့ကိုရောက်လေသည်။ထမင်းစားခန်းရှေ့မှာခါးကိုလက်ထောက်ရင်းရပ်နေသည့်သူမ,သူဌေးကမနက်စောစောဘာအလိုမကျဖြစ်နေသလဲမသိပေ။ခေါ်နေသူရှေ့ရောက်ကာမှကိုယ်ရှိန်ကိုမနည်းသပ်လိုက်ရသည်။အရှိန်လွန်ပြီးဝင်တိုက်မိရင်ခေါင်းခေါက်ခံရမှာကမလွဲဧကံ။

"ဘာခိုင်းစရာရှိလို့လဲ ကိုကြီးစနေ"

"ကလေး! ဘယ်မှာလဲ"

ကလေး ဆိုတာနဲ့အစ်ကိုလေးကို‌မေးသည်မှန်းသူမ,တန်းသိလိုက်ပြီ။

"အစ်ကိုလေးခြံထဲဆင်းသွားပါတယ်"

"မနက်စာရောစားထားလား"

"မစားထားဘူး။‌ဒေါ်ဒေါ်ကတော့စားပြီးပြီ။အစ်ကိုလေးကကိုကြီးစနေ ကိုစောင့်နေတာထင်တယ်"

"အန်တီမေရော ခြံထဲမှာလား"

"မဟုတ်ဘူး ကိုကြီးစနေ ... ဒေါ်ဒေါ်ကဘုရားဝတ်ပြုနေတယ်။ဟိုလေ.. အစ်ကိုလေးကိုမိပုံသွားခေါ်‌ ပေးရမလား ရှင့်"

"မလိုဘူး! ငါသွားလိုက်မယ်။မနက်စာသာပြင်ထား ကလေးအတွက်ဘာရှိလဲ"

"နန်းကြီးသုပ်စားမယ်ပြောထားလို့ဝယ်ထားတယ်"

"မဖြစ်ဘူး!! နွားနို့နဲ့ကိတ်ပဲပြင်ထားလိုက်။နန်းကြီးသုပ်နင်စားလိုက်။ကလေးရှေ့ရောက်မလာစေနဲ့"

မှာတန်းခြွေပြီးခြံထဲဆင်းသွားတဲ့စနေဦးခိုက်ကိုကြည့်ပြီးမိပုံခေါင်းသာကုပ်နေမိသည်။နိုးထဲကဘာ‌တွေမေးမှန်းကိုမသိဘူး။အစ်ကိုလေးမှာထားတာဝယ်ပေးတာကိုဘာအမှားပါလို့လဲ။ပြောရင်လည်းငါပဲအခေါက်ခံရမှာ။စားဆိုတော့လည်းစားပေးရမှာပေါ့။အစ်ကိုလေးရဲ့နန်ကြီးသုပ်ကငါးဖယ်တွေအများကြီးနဲ့။စားရကံကြုံတော့မုတ်ဆိတ်ပျားဆွဲတာစားရမှာပေါ့။

--------------

ကိုကို့ရဲ့ခြံထဲမှာအကြင်နာသဘောကျဆုံးနေရာလေးကပန်းပင်တွေအများကြီးရှိသည့်
ဒီနေရာလေးဖြစ်သည်။ပန်းရနံ့သင်းသင်းလေးတွေကလူကိုလန်းဆန်းစေသည်။ပန်းလေးတွေရဲ့အလှဟာလည်းမျက်လုံးအေးစေသည်။မေမေကပန်းပင်တွေစိုက်တာသဘော ကျတယ်လို့ကိုကိုပြောဖူးသည်။

Love is born, because of you(Complete)Where stories live. Discover now