39

23.4K 1.2K 34
                                    


Part 39

"ဟိုင်း! Long time no see နေခိုက်"

လက်ချောင်းလေးတွေလှုပ်ပြရင်းသူ့ဆီလာနေသည့်ဒါလီ့ကိုစနေဦးခိုက်အမြင်မကြည်စွာကြည့်လိုက်၏။ဗေဒါရောင်ကိုယ်ကြပ်ဂါဝန်တိုလေးနှင့်သူမကလှပတယ်ဆိုပေမဲ့စနေဦးခိုက်မျက်လုံးထဲတွင်တော့မြင်ရတာစိတ်ပျက်စရာပင်။

*မျက်ခွက်ကလူရှေ့ကိုထွက်ပြရဲသေးတာလား ပိုးဒါလီ*

ခပ်ပြင်းပြင်းရေမွှေးအနံ့တွေကရုံးခန်းတစ်ခုလုံးကိုလွှမ်းခြုံသွားလေသည်။ပြုံးပြရင်းသူ့ဆီကိုလျှောက်လှမ်းလာသည့်ဒါလီ့ကိုစနေဦးခိုက် ခပ်မဲ့မဲ့သာတစ်ချက်ကြည့်လိုက်ပြီးသူ့အလုပ်ကိုအနေထားမပျက်ဆက်လုပ်ရင်း

"ကိုဂျင်မီ ထုတ်မဲ့productအသစ်တွက်ကမ်းလှမ်းထားတဲ့မော်လ်ဒယ်ကမင်းဆိုရင်လာရာလမ်းအတိုင်းပြန်ကြွ။ဒီအလုပ်ကိစ္စကိုမရှိဘူးလို့သဘောထားလိုက်မယ်"

"ဟော! အလုပ်နဲ့ကိုယ်ရေးကိုယ်တာတောင်မခွဲခြားနိုင်တော့ပါလားနေခိုက်ရဲ့။အရင်ကနီးနီးကပ်ကပ်ရင်းနှီးဖူးနဲ့မျက်နှာလေးတော့ထောက်ပါဦး အဟင်းဟင်း"

ခပ်ရွဲ့ရွဲ့ပြန်ပြောလာသည့်သူမကိုစနေဦးခိုက်
ခပ်ထေ့ထေ့ကြည့်လိုက်သည်။လက်ထဲကဖိုင်ကိုလဲဇက်ခနဲပိတ်ချရင်းဒါလီ့ကိုဒေါသမျက် လုံးနှင့်ကြည့်လိုက်သည်။

"အပိုစကားတွေမကြားချင်လို့ထွက်သွားပေးလို့ရမလားပိုးဒါလီ။မိန်းခလေးတစ်ယောက်ကို‌မောင်းမထုတ်ချင်လို့ငါ့ဘက်ကသတိပေးနေတာ။လူစကားနားမလည်ရင်တော့လုံခြုံ ရေးခေါ်ရမှာပေါ့"

"အဟင်းဟင်း!! တကယ်ပဲတို့ကိုစိတ်ဆိုးနေတာကို။ကိုဂျင်မီ့ productအတွက်မော်လ်ဒယ်ကတို့မဟုတ်ရဘူး။တစ်ယောက်သောသူရဲ့ကျေးဇူးကြောင့်ဒါလီ့ရဲ့အလုပ်တွေကအရင်လိုမပေါတော့ဘူးလေ"

သူမမူးယစ်ဆေးဝါးသုံးတဲ့ကိစ္စကိုဖြန့်လိုက်သည်ကိုရည်ညွှန်းပြောမှန်းသိလိုက်သည်။
စနေဦးခိုက် သဘောကျစွာရယ်လိုက်မိ၏။

"သဘောကျနေတယ်ပေါ့လေ။ဒါလီလည်းအရမ်းကိုမှသဘောကျစရာကောင်းတဲ့ကိစ္စလေးတစ်ခုသိလာရလို့နေခိုက်ကိုလာပြောပြတာ။နေခိုက် ပျော်နေတာလေးမြင်ချင်လို့တကူးတကကိုလာတာသိလား"

Love is born, because of you(Complete)Where stories live. Discover now