14 zawgyi

8.2K 171 1
                                    

Part 14

အကြင်နာဈေးဝယ်ပြီးပြန်လာတော့ဖူးငုံနဲ့မသဇင်တောင်ပြန်ရောက်နေပြီ။မသဇင်ပြင်ဆင်ခိုင်းထားတဲ့စာရွက်စာတမ်းတွေလည်း အကြင်နာပြင်ပြီးပြီမို့ဖိုင်တွဲကိုပေး လိုက်သည်။ဒီနေ့က marketing departmentနဲ့Meeting ရှိတာမို့မကြာခင်,ကိုနေ လည်းပြန်လာမည်ထင်သည်။meetingက3နာရီလုပ်မှာမို့အချိန်ကလည်းအတော်နီးနေပြီ။အစည်းဝေးတက်တဲ့သူတွေဖို့ကော်ဖီဖျော်ပေးရမည်မို့အကြင်နာနဲ့ဖူးငုံ kitchen roomထဲပြေးကြသည်။အကြင်နာတို့ကအငယ်ဆုံးတွေမို့ဒါမျိုးကိုတော့တာဝန်ယူပေးသည်။အကြီးတွေမခိုင်းခင်အကြင်နာနဲ့ဖူးငုံကအလိုက်သိသည်။အလိုက်သိရင်းဗိုက်ပါဖြည့်တာလည်းပါသည်။

"သျှင်မင်းနဲ့ဘယ်လိုတွေ့လာကြတာလဲ"

"သူလည်း မုန့်လာဝယ်တာထင်တာပဲ။ငါကအရင်ဆိုင်ထဲရောက်တာ။ငါဆိုင်ထဲဝင်တုန်းကတစ်ခြားသူမတွေ့ဘူး"

ဖူးငုံ မချိုမချဉ်မျက်နှာဘေးနဲ့အကြင်နာ့ကိုကြည့်လိုက်သည်။သူမဒီကြားထဲကြည့်ကြည့်နေတာကြာပြီ။သျှင်မင်းကတစ်ခြားသူတွေကိုတော့ဝတ်‌ကျေတမ်းကျေလောက်သာ။အကြင်နာ့ကိုကျတော့ထိုသို့မဟုတ် သူလာတိုင်းအကြင်နာ့အတွက်မုန့်ထုတ်ဆွဲလာတတ်သည်။တစ်ခြားသူတွေအတွက်လည်းပါပေမဲ့မကောင်းတတ်သည့်သဘောမျိုးပင်။အခြားသူတွေကအကုန်လုံးစာစုရပြီးအကြင်နာ့အတွက်ကသီးသန့်ပါတတ်သည်။

သျှင်မင်းကကိုနေနဲ့တစ်ခုခုဆိုတာသူ(မ)သိသည်။တစ်ခါကိုနေ့,အခန်းကိုလက်မှတ်ထိုးဖို့လိုလို့သွားတုန်းကသျှင်မင်းပါအခန်းထဲတွင်ရှိသည်။ဒါပေမဲ့အိပ်ပျော်နေတဲ့သျှင်မင်း က တော့သူမ,ဝင်လာသည်ကိုမသိပေ။သို့သော်ကိုနေ့အခန်းထဲသျှင်မင်းကဘာအတွက်အိပ်နေရတာလဲ။ပြီးတော့အလုပ်နေရာကြီးမှာလေ။ကိုနေက come outလုပ်ထားမှန်းသိထားတဲ့သူမ,အဖို့ကဒါကိုရိုးရိုးလေးတွေးလိုက်တယ်။ကိုနေနဲ့သျှင်မင်းတွဲနေသည်ပေါ့။ဒါဆိုဘာ့အတွက်သျှင်မင်းကအကြင်နာ့ကိုလာပတ်သတ်နေတာလဲဆိုတာကလည်းတကယ်အတွေးများစေသည်။

"နင်နော် ငါမသိပဲဘာမှမလုပ်နဲ့။နင်ထင်သ လောက်လူတွေကမရိုးသားဘူး။တစ်ခုခုဆိုရင်ငါ့ကိုပြော။နင့်ထက်တောင်ငါကအရင်ဒီမှာအလုပ်ဝင်တာသူကငါ့ကျမခင်ပဲနင့်ကိုမှအခင်ပိုနေတာလေ။နင်ပါငါ့ကျော်ပြီးသျှင်မင်းကိုပိုခင်ရင်လက်သီးနော်"

Love is born, because of you(Complete)Tahanan ng mga kuwento. Tumuklas ngayon