19 zawgyi

8.1K 174 1
                                    

Part 19


"အင့်! လွှတ် "

အကြင်နာ ထိုလူဆိုးကြီးဆီကနေပြေးထွက်ပေမဲ့ အကြင်နာ့ကိုဆွဲဖက်ထားတာကြောင့်အကြင်နာဝေးဝေးပြေးနိုင်ဖို့နေနေသာသာသူ့ရင်ခွင်ပြန်ရောက်သွားရသည်။

*ဘာ! ရူးနေလား မောင် တဲ့*

စနေဦးခိုက် အသဲအသန်ရုန်းနေသူကို
တမင်ဖိညစ်ပြီးဖက်ထားပစ်လိုက်သည်။မဖြစ်စလောက်အားနေနဲ့ရုန်းနေတော့ရောလွတ်မှာတဲ့လား။

"အား!! ကလေး"

ရင်ဘတ်ကိုအကိုက်ခံလိုက်ရတာမို့ စနေဦးခိုက် ရုပ်တရတ်မို့‌အော်လိုက်မိသည်။
ထက်လိုက်တဲ့သွားတွေပေါက်ပြီးလားမသိဘူး။မထင်မှတ်ထားတာမို့ စနေဦးခိုက် အငိုက်မိသွားတာပင်။

"ဟင့်! အဲ့ဒါအကြင်နာကိုမလွှတ်ချင်ဦး"

သတိလွတ်သွားချိန်မှာ စနေ့ဦးခိုက်ရဲ့အဝေးကိုအကြင်နာပြေးနိုင်ခဲ့သည်။ခပ်ဝေးဝေးကနေပဲလှမ်းစွာနေတာဖြစ်သည်။

အကြင်နာ့ကို စနေဦးခိုက်ထိုင်ခိုင်းသည်ကအခန်းရဲ့အတွင်းဘက်ကိုကျသည်။အကြင်နာထပြေးနိုင်ပေမဲ့ တံခါးဘက်ကိုတော့မသွားနိုင်။စနေဦးခိုက်ကလည်းလျင်သည်။အကြင်နာကိုပိတ်ဖမ်းနိုင်အောင်ထရပ်သည်။

ရင်ဘတ်ကတစ်ဆစ်ဆစ်ကိုက်ရာလေးကအရမ်းအနာသလိုမဲ့ဒဏ်ရာကလည်းအကွင်းလိုက်။တော်တော်ဆိုးတဲ့ခွေးပေါက်လေး။စနေဦးခိုက်ရဲ့အလုပ်စားပွဲကိုကာဗာယူပြီးပတ်ပြေးဖို့ဟန်‌ပြင်နေတဲ့အကြင်နာ့ကိုကြည့်ပြီးစနေဦးခိုက် နှုတ်ခမ်းတွေတွန့်ချိုးစွာပြုံးလိုက်မိသည်။ဘယ်လိုလေးမှန်းကိုမသိတာ။
ကြည့်နေရင်းကို စနေဦးခိုက် အသဲတွေယားလာသည်။

"မောင့် ဆီကိုကိုယ့်ဘာသာလာ ကလေး!
မောင်ကိုယ်တိုင်အားထုတ်ပြီးဖမ်းမှမိရင် ကလေး မလွယ်ဘူးနော်!"

"မလာနိုင်ပါဘူး ဘာလို့လာရမှာလဲ။အကြင်နာပြန်မှာ ဖယ်ပေး"

"မောင် ကလေးကိုအခွင့်ရေးပေးတယ်နော်ပြီးမှအဆိုးမဆိုနဲ့။ကလေးကိုက်တဲ့ဒဏ်ရာကိုကြည့်စမ်း!!

အကျီကိုရင်ဘတ်ပေါ်သည်ထိ စနေဦးခိုက်
ဟပြတော့အကြင်နာမျက်လုံးလေပေကလပ်ပေကလပ်နှင့်။အကွင်းလိုက်သွားရာကြီးကအကြင်နာကိုခြိမ်းခြောက်နေသည်။ဦးနှောက်ထဲကလဲအချက်ပေးနေကြ‌ပြီ။

Love is born, because of you(Complete)Donde viven las historias. Descúbrelo ahora