20

31.1K 1.8K 107
                                    

Part 20

ဒုတိယကြိမ်မြောက်ထိုအိမ်ကိုရောက်လာခဲ့ချိန်မှာတော့လှပပြီးကျယ်ပြန့်တဲ့ခြံနဲ့အိမ်ကြီးကိုအကြင်နာကြည့်ပြီးမင်သက်နေမိသည်။ပထမတစ်ခေါက်ကအိမ်ကြီးရဲ့လှပမှု့ကိုကြည့်ဖို့နေနေသာသာထိုအိမ်ထဲကနေအပြင်သာပြန်ထွက်ချင်စိတ်ကစိုးမိုးနေတာပင်။

ရွှေရောင်ဖျော့ဖျော့ကိုအများဆုံးသုံးထားတဲ့အိမ်ရဲ့အသုံးဆောင်ပစ္စည်းတွေကအဆင့်တန်းမြင့်မားမှု့ကိုပြသနေသည်။3ထပ်ရှိသည့်ထိုအိမ်ကြီးရဲ့လှပမှု့တွေက အကြင်နာပြောမပြတတ်အောင်ပင်။ချမ်းသာတယ်ဆိုတာဒါမျိုးကိုပြောတာဖြစ်မည်။

မေမေ့ကိုရန်ကုန်မှာ တိုက်ခန်းလေးတစ်ခန်းဝယ်ပေးချင်တဲ့အကြင်နာ့မှာတော့ဘယ်ချိန်ထိပိုက်ဆံစုရမလဲမသိ။ဒါမျိုးအိမ်ကြီးနဲ့ထားနိုင်ဖို့ကတော့အဝေးကြီးမှာပါလေ။

မျက်ဝန်းတောက်တောက်လေးနဲ့အိမ်ကိုသဘောတကျလိုက်ကြည့်နေသည့်အကြင်နာ့ကို စနေဦးခိုက် သဘောကျစွာကြည့်နေမိ သည်။တစ်ချိန်မှာကလေးနေရမဲ့အိမ်ကိုကလေးသဘောကျနေတာမို့သူကျေနပ်နေမိတာဖြစ်နိုင်သည်။

"‌အပေါ်ထပ်လိုက်မလား..ဒီမှာပဲကျန်ခဲ့မလား မောင် အဝတ်သွားလဲမလို့။ကလေးနေခဲ့
မလား၊လိုက်ချင်လား"

"အကြင်နာအောက်မှာပဲစောင့်နေမယ်
မလိုက်ပါဘူး"

ချက်ချင်းပြန်ဖြေလာတဲ့ကလေးကြောင့်
စနေဦးခိုက် ပြုံးလိုက်မိသည်။ဆက်ဆက်ထိမခံလေး။

"ဟုတ်ပြီ   ဒေါ်ကြည်ပြာ!!

"ရှင်! လာပါပြီး သူဌေး "

အသက်လတ်အရွယ်အမျိုးသမီးတစ်ဦးကအသံပေးရင်လူကလည်းစနေဦးခိုက်ရှေ့ကိုရောက်လာသည်။

"အန်တီမေရော"

"အခန်းထဲမှာပါ သူဌေး ကျွန်မ‌သွားခေါ်လိုက်ရမလား"

"နေနေ! ရတယ်။ကျွန်တော်အပေါ်ကပြန်ဆင်းလာမှ တစ်ခါတည်းဝင်ခေါ်လိုက်မယ်။
ဒေါ်ကြည်ပြာ ကလေးအနားမှာခဏနေပေးလိုက်ပါ။ကျန်တဲ့ကောင်မလေးတွေကိုထမင်းပွဲပြင်ဖို့ပြောလိုက်"

"ဟုတ်ကဲ့ သူဌေး"

ဒေါ်ကြည်ပြာကိုမှာစရာရှိတာမှာပြီးအပေါ် ထပ်ကိုတက်သွားသည့်လူကြီးကိုအကြင်နာလိုက်ကြည့်နေမိသည်။အမြန်ပြန်ဆင်းလာခဲ့မယ်လို့အကြင်နာ့ကိုမှာခဲ့ပြီးခပ်သွက်သွက်ထွက်သွားလေသည်။အလုပ်သမားတွေကိုမျက်နှာတည်ကြီးနဲ့ပြောဆိုနေတဲ့သူ့ကအကြင်နာမြင်ဖူးနေကြပုံစံမျိုးမဟုတ်။ပြောသင့်တာကိုခပ်ပြတ်ပြတ်ပြောပြီးအပိုလိုစကားလဲမပါပေ။အေး‌စက်စက်ပုံစံကြီးကလန့်စရာကောင်းသလို၊အရှိန်ဝါတစ်ခုကလည်းလွှမ်းမိုးထားသလိုပင်။

Love is born, because of you(Complete)Where stories live. Discover now