8

31.1K 2.1K 31
                                    

Part 8

"ဖူးငုံ, ကိုနေတစ်ခုခုပြောတာကြားမိသေးလား"

ဖူးငုံကအကြင်နာ့ကိုမျက်စောင်းလေးထိုး၍ ကြည့်လာသည်။မှော်ဘီကကိစ္စကိုပြောပြတော့ဖူးငုံမ,ကအားရပါးရရယ်သည်မို့အကြင်နာတို့ရန်ဖြစ်ကြသေးသည်။ကိုယ့်သူငယ်ချင်းတစ်ယောက်လုံးအလုပ်ပြုတ်ရမဲ့အရေးကိုသူမို့အားရပါးရရယ်ရက်တယ်။အသဲနှလုံးမရှိတဲ့ဖူးငုံမေ။သူကလည်းသူပဲအလုပ်လုပ်ဖို့လိုက်သွားတာတစ်လွဲတွေကိုဖြစ်လို့။အစားနဲ့အဆော့ကအကြင်နာ့အတွက်တစ်ကယ့်ပြသာနာ။ကိုစနေဦးခိုက်ကတော့လူကြီးလူကောင်းမို့ပြန်မတိုင်လောက်ပေမဲ့စိတ်ကမအေးနိုင်ပေ။

companyရောက်ထဲကကိုနေ,လာမှာကိုစောင့်နေပေမဲ့ကိုနေကလည်းဒီနေ့မှအလုပ်ကိုအရင်ရက်တွေထက်နောက်ကျနေသည်။ဖူးငုံကိုတော့ခိုင်းစရာရှိတာတွေကိုဖုန်းဆက်ပြီးခိုင်းနေသည်မို့,ကိုနေ,များတစ်ခုခုပြောလေမလားလို့တီးခေါက်ကြည့်နေတာပင်။

"အခုမှကြောက်မနေနဲ့ ကိုစနေဦးခိုက်ကတည်တည်တံ့တံ့နေပေမဲ့သဘောမဆိုးပါဘူး။နင်လည်းတောင်းပန်ထားတာပဲမတိုင်လောက်ပါဘူး"

"ကိုနေ့မျက်နှာကိုမြင်မှစိတ်ချမ်းသာမှာ။အလုပ်ပြုတ်ရင်ဘယ်လိုလုပ်မလဲ။တစ်လစာတောင်မရသေးတာကို"

"ကိုကိုအကြင်နာမောင်ရေ,ကျွန်တော်မျိုးမပြောတာကိုယုံ။စိတ်အေးအေးထား။လုပ်စရာရှိတာလုပ်စမ်းပါအကြင်နာရယ်"

အနားကနေတစ်ဂျီဂျီလုပ်နေသည်မို့ဖူးငုံစိတ်မရှည်ချင်တော့ပေ။အကြင်နာကအဲ့သည်လိုပဲတစ်ခုခုကိုစိုးရိမ်ရင် နေမသိထိုင်မသာနဲ့။ဘေးနားနေတဲ့သူလည်းအငြိမ်နေရမယ်မထင်နဲ့။တစ်တွတ်တွတ်နဲ့အဲ့သည့်ကိစ္စကိုသူစိတ်ပြေသည်ထိပြောနေတာ။ပြီးရင်လည်းဘာမှမဟုတ်တာကို။

"အကြင်နာ!!

"ဗျာ မသဇင်"

"Marketing departmentမှာမသဇင် 3လစာexpenseစာရင်းတောင်းထားလို့သွားယူပေးပါဦး"

"ဟုတ် အကြင်နာအခုပဲသွားယူလိုက်မယ်ဗျ"

"သေချာလည်းလုပ်လာဦး။မသဇင်ကကိုစနေဦးခိုက်မဟုတ်ဘူးနော်။ဒီတစ်ခါတစ်လွဲလုပ်ရင်တကယ်ပြုတ်မှာ ဟားဟား"

Love is born, because of you(Complete)Where stories live. Discover now