31

30.7K 1.7K 65
                                    

Part 31

ဒုန်း!!

ဒုန်းခနဲ့ကားပိတ်သံနှင့်အတူကားထဲကိုဝင်လာသူကြောင့်သျှင်မင်း မှေးနေရင်း‌မှလန့်သွားရသည်။

"ကိုယ်နဲ့လိုက်ရမယ်လို့‌ သော်တာမင်း
မပြောဘူးလား"

"ပြောတယ်လေ....ကျွန်တော်မလိုက်ဘူးလို့ပြောထားတာကိုကျပြန်မပြောဘူးလား"

ကျစ်!!

နေညွန့်စိတ်မရှည်စွာဖြင့်သျှင်မင်းရဲ့လက် ကောက်ဝတ်ကိုဆွဲကာကားပေါ်ကဆင်းရန်ပြင်လေသည်။သျှင်မင်းကသူ့ရဲ့လက်ကိုပြန်ရုန်းထွက်ရင်းအထိမခံ။

"ကိုနေ!! ကျွန်တော်မလိုက်ဘူးလို့ပြောနေတယ်လေ အတင်းအကြပ်မလုပ်နဲ့"

နေညွန့်ရဲ့ကိုယ်ကိုတွန်းလွှတ်ပြီးသျှင်မင်းပြောလိုက်လေသည်။သူလိုချင်ယူ၊သူမလိုချင်ရင်လွှင့်ပစ်ရအောင်အရုပ်လည်းမဟုတ်။သူရှိနေစရာမလိုတဲ့ရှုတင်မှာတမင်လာနေပြီးအရှက်ခွဲတယ်။လူကိုပိုင်စိုးပိုင်နင်းလုပ်တယ်။သူကိုယ်တိုင်ချမှတ်တဲ့စည်းကမ်းတွေကိုသူကိုယ်တိုက်ပဲဖောက်ဖျက်ပြီးပြုမှုနေတာလုံးဝမကျေနပ်နိုင်ဘူး။

လင်းသစ်ဟန်အနားရောက်လာတော့ကိုယ်ကလိုသုံးလား။ရှိနေတုန်းကကျထွက်သွားခိုင်းပြီးအလိုက်တသိထွက်လာပေးတော့လည်းသူပဲလူကိုဆွဲလားရမ်းလားနဲ့။

"မင်းဘာဖြစ်ချင်နေတာလဲသျှင်မင်း။ကိုယ့်ကိုလွန်ဆန်ဖို့မင်းတွေးနေရင်ရပ်လိုက်တော့"

"ဘာလို့လဲ...လွန်ဆန်ချင်နေတာမဟုတ်ဘူး
....ဒီစိတ်ပျက်စရာဆက်ဆံရေးကိုကျွန်တော်အဆုံးသတ်ချင်နေတာမှားနေလို့လား"

အဟင်း!

"စိတ်ပျက်စရာဆက်ဆံရေး!!ငါ့ထက်ဘယ်ကောင်ကမင်းကိုပိုက်ဆံပိုပေးပြီးကုတင်ပေါ်ခေါ်နေလို့လဲ"

ခွပ်!!

အထိုးခံလိုက်ရသည့်ပါးစောင်းကိုနေညွန့်လျှာနဲ့ထိုးစွရင်းသျှင်မင်းကိုတည်တည်ငြိမ်ငြိမ်နှင့်ကြည့်လိုက်သည်။စော်ကားခံလိုက်ရသည့်စကားကြောင့်ပြုမှုမိပေမဲ့သျှင်မင်းစိတ်ထဲလန့်သွားမိသည်။ကိုနေ့ကိုသူထိုးလိုက်မိတာလား။ဘာဆက်လုပ်ရမလဲမသိတော့တဲ့အခြေနေမှာသူရွေးချယ်မိလိုက်တာဒီကားပေါ်ကထွက်သွားဖို့ပင်။

Love is born, because of you(Complete)Where stories live. Discover now