29...

29.2K 1.7K 85
                                    

Part 29

သွားစရာရှိသည်ဟု‌ပြောကာcompanyကိုလာခိုင်းသူကဘယ်ကိုမှမဝင်တော့ပဲအိမ်ကိုပြန်လာခဲ့သည်။ကားပေါ်မှာလည်းစကားတစ် လုံးမှမပြောပဲဒေါသ‌တွေကိုမြိုချနေသလိုအသက်ပြင်းပြင်းရှူသံကိုတော့ခဏခဏကြားရလေသည်။ဒေါသထွက်နေတာသိသည်။အကြင်နာ့ကိုလား၊မပိုးဒါလီကိုလားဆိုတာသာမသိတာဖြစ်၏။စကားတွေပြောလိုက်တာမှဟုတ်သေးသည်အခုလိုကြီးအရမ်းတည်ငြိမ်နေတဲ့သူကြောင့်အကြင်နာတကယ့်ကိုစိတ်ထဲကငိုချင်လာသည်။

အိမ်ရောက်တော့လည်းအဝတ်စားလဲပြီး သည်နှင့်မေမေနဲ့စကားခဏသာဝင်ပြောကာအလုပ်လုပ်စရာရှိသေးတယ်ပြောပြီးအလုပ်ခန်းကိုဝင်သွားလေသည်။

ညစာစားဖို့မိပုံသွားခေါ်တော့လည်းမစားဘူးဟုပြောလွှတ်လိုက်လေသည်။စိတ်ပူပေမဲ့အကြင်နာလည်းကိုကို့ဆီမသွားရဲပေ။ထမင်း စားနေရင်းရောက်လာမလားမျှော်နေမိသေးသည်။

"စနေလေး ဘာဖြစ်လာတာလဲသားသား။ထမင်းလည်းလာမစားဘူး။အရမ်းအလုပ်ရှုပ်နေလား"

"အကြင်နာလည်းမသိဘူးမေမေ အလုပ်ပြီးရင်တော့လာစားမှာပါ။အကြင်နာစောင့်နေလိုက်မယ်လေ"

"မဖြစ်သေးပါဘူး သားသားရယ်။စနေလေးကအလုပ်သရဲ။သားသားစားပြီးရင်သွားပို့ပေးလိုက်နော်။အဲ့ကောင်လေးကအလုပ်များရင်ထမင်းမေ့ဟင်းမေ့နဲ့။မိပုံကိုမပို့ခိုင်းနဲ့ဦး..အော်လွှတ်နေမှာစိုးလို့"

အကြင်နာထမင်းစားရင်းနင်သွားမလိုပင်။မိပုံထက်အကြင်နာကပိုအော်ခံရမှာမေမေမှမသိတာ။ကိုကိုစိတ်ဆိုးနေတာအကြင်နာ့ကိုလို့ပြောလိုက်ချင်သည်။ကိုကို့ဆီသွားမည့်အစားခေါင်းကိုသာဆင်နင်းခံလိုက်ချင်၏။

"ဟို..ဟိုလေ အကြင်နာ့ကိုပါအော်နေရင်ဘယ်လိုလုပ်မလဲ ဟင်။ဒေါ်လေးကြည်ပြာပို့ပေးပါနော်"

"ဟယ်! မလုပ်ပါနဲ့အစ်ကိုလေးရယ်။သူဌေးအဲ့မျက်နှာမျိုးဖြစ်နေရင်ဘယ်သူမှမသွားရဲဘူး"

ဒေါ်ကြည်ပြာကပါငိုမဲ့မဲ့ပြောလာသည်မို့အကြင်နာစိတ်ညစ်သွားသည်။စားနေတဲ့ထမင်းတွေကတောင်ဝါးရင်းမ‌ကြေတော့သလိုပင်။ရေနဲ့သာမျောချလိုက်ရ၏။ဘယ်သူမှအားကိုးမရဘူး။

Love is born, because of you(Complete)Where stories live. Discover now